Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၁၈-၅-၂၀၂၆ မှ ၂၂-၅-၂၀၂၆) ရက်နေ့အတွင်းဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးဈေးနှုန်းများ

Last Updated:

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၄၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၄၅၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၄၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၇၀၀ ၊ မုံရွာသစ်ရှယ် ကျပ် ၂၃၀၀ ၊ မုံရွာလတ်ကြီး ကျပ် ၂၃၀၀ ၊ မုံရွာလတ်သန့် ကျပ် ၂၃၀၀ နှင့် မုံရွာလတ်ချော ကျပ် ၁၆၀၀ အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၁၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၅၀၊ ဆိပ်ဖြူ လတ်သန့် ကျပ် ၅၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၅၀၊ မုံရွာသစ်ရှယ် ကျပ် ၁၀၀ ၊ မုံရွာလတ်ကြီး ကျပ် ၁၀၀  နှင့် မုံရွာလတ်ချော ကျပ် ၁၀၀ အသီးသီးဈေးမြင့်တက်ခဲ့ပြီး မုံရွာလတ်သန့်မှာ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၈၄ စီး (၅၀၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၉၀ စီး (၅၄၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက်  ကားစီးရေ ၆ စီး  (၃၆၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။    

ကြက်သွန်ဖြူ 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်မြို့နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ် ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်(ရှယ်)  ကျပ်  ၁၉၅၀၀၊ အောင်ပန်းထူး -၂ ကျပ် ၅၀၀၀၊ အောင်ပန်း ထူး-၃ ကျပ် ၆၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၇၀၀၀နှင့် အောင်ပန်းထူး-၅ ကျပ်၈၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း ကြူကုတ်(ရှယ်) ကျပ်၅၀၀ အောင်ပန်းထူး-၂ ကျပ် ၂၀၀၊ အောင်ပန်းထူး-၃ ကျပ် ၂၀၀ ၊ အောင်ပန်းထူး-၄  ကျပ် ၅၀၀ အသီးသီး ဈေးမြင့်တက်ခဲ့ပြီး အောင်ပန်း ထူး-၅ မှာ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူ အိတ်ရေ ၃၇၅၀ (၁၁၂၅၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူ အိတ်ရေ ၂၅၀၀ (၇၅၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ် ၁၂၅၀ (၃၇၅၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

 အာလူး

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အောင်ပန်းမြို့မှ အာလူးများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ အာလူး (တစ်ပိဿာ) ဈေးနှုန်းများမှာ အောင်ပန်း A1 ကျပ် ၁၈၀၀၊ အောင်ပန်း OK ကျပ် ၂၄၀၀၊  အောင်ပန်း S1 ကျပ် ၂၄၀၀နှင့် အောင်ပန်း S2 ကျပ် ၂၁၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  အောင်ပန်း A1  မှာ ဈေးငြိမ်လျက်ရှိပြီး အောင်ပန်း OK ကျပ် ၁၀၀၊ အောင်ပန်း S1 ကျပ် ၁၀၀ နှင့် အောင်ပန်း S2 ကျပ် ၁၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ အာလူး ဝင်ရောက်မှုမှာ ယခင်အပတ်က အာလူးကားစီးရေ ၃၇ စီး (၂၂၂၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး  ယခုအပတ်တွင်  အာလူး ကားစီးရေ ၄၈ စီး ( ၂၈၈၀၀၀  ပိဿာ ) ဝင်ရောက်ခဲ့‌သောကြောင့် ယခင်အပတ်ထက် အာလူး ကားစီးရေ ၁၁ စီး (၆၆၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News