Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

၂၀၂၃ ခုနှစ် ၊ သြဂုတ်လ ၇ ရက်နေ့တွင် နေ့စဉ်ရက်ဆက် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မြန်မာ-ထိုင်း ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့်  မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုများရှိခဲ့၍ ယာဉ်သွားလာမှုများ ရပ်တန့်သွားခဲ့ပြီး လမ်းပိုင်းပြင်ဆင်နိုင်‌ရေးသက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိသည်။ အရေးကြီးသည့် ပုတ်သိုးလွယ်သည့် ပစ္စည်းများဖြစ်သည့် ပို့ကုန်ပစ္စည်း ငရုတ်သီးစိမ်း၊ ရေထွက်ပစ္စည်းနှင့် ကွမ်းသီးတို့ကို မြဝတီ-ကော့ကရိတ် လမ်းဟောင်း ဒေါနတောင်မှတစ်ဆင့် ယာဉ်ငယ်များဖြင့် ရွှေ့ပြောင်းသယ်ဆောင်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ သွင်းကုန်ပစ္စည်း တင်ယာဉ်များမှာ အခွန်ပေးဆောင်ပြီး ဖြစ်သော်လည်း‌ သွားလာနိုင်ခြင်းမရှိသေးဘဲ စောင့်ဆိုင်းနေလျက်ရှိသည်။

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၁၉-၈-၂၀၂၃) ရက်နေ့မှ (၂၁-၈-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ငရုတ်၊ ကြက်သွန်နီ၊ ကြာဝတ်ဆံအခြောက်နှင့် CMP ပစ္စည်းများ ဖြစ်သည့် အမျိုးသား/အမျိုးသမီး အဝတ်အထည်များ တင်ပို့ခဲ့သည်။ (၁၉-၈-၂၀၂၃) ရက်နေ့မှ (၂၁-၈-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ   ငရုတ်၊ ကြက်သွန်နီ၊ ကြာဝတ်ဆံအခြောက်နှင့် CMP တို့ ဖြစ်သည်။

ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြှင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့သည်။ (၁၉-၈-၂၀၂၃) ရက်နေ့မှ (၂၁-၈-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊  စက်ဘီး၊ စက်ဘီးအပိုပစ္စည်း၊ အဝတ်အထည်၊ စာရေးကိရိယာ၊  ကားအပိုပစ္စည်း၊  ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပို ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ GARMENT ၊ ဆေးဝါးများ၊ ဖိနပ်၊  သစ်သီးမျိုးစုံ၊  အိမ်သုံးပစ္စည်း၊  လူသုံးကုန်ပစ္စည်း၊  စက်ဆီ/ချောဆီ၊  စက်ရုံသုံးပစ္စည်း၊  စက်နှင့်စက်ပစ္စည်းကိရိယာများ၊  ယာဉ်/ယန္တရား  စက်ပစ္စည်းများနှင့်  အိမ်သုတ်ဆေးတို့  တင်သွင်းခဲ့သည်။ 

(၁၉-၈-၂၀၂၃ မှ ၂၁-၈-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ ယာဉ်/ယန္တရား စက်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံ နှင့် လူသုံးကုန်ပစ္စည်းများတို့ ဖြစ်သည်။ ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၇.၅၃) ရှိပြီး ယခုအပတ်တွင် (၁၀၅.၂၆) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းကျဆင်းခဲ့သည်။  

(၁၂-၈-၂၀၂၃ မှ ၁၈-၈-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ပြောင်း (၁) တန်လျှင် ပျမ်းမျှ (၂၉၂.၈၀၀) ဒေါ်လာဖြင့် (၁၁၁၆.၇၈၉)တန် (၀.၃၂၇)ဒေါ်လာသန်း၊ ငရုတ်သီးစိမ်း(အစို) (၁)တန်လျှင် (၅၆၀.၂၃၄) ဒေါ်လာဖြင့် (၂၆၅.၉၆၀) တန်  (၀.၁၄၉) ဒေါ်လာသန်း၊ ကွမ်းသီး (၁)တန်လျှင် (၁၅၁.၂၅၀) ‌ဒေါ်လာဖြင့် (၈၀.၀၀၀)တန် (၀.၁၂၁)ဒေါ်လာသန်း၊ ကြက်သွန်နီ(၁)တန်လျှင် (၄၈၈.၉၀၀) ဒေါ်လာဖြင့် (၉၀.၀၀၀)တန် (၀.၀၄၄)ဒေါ်လာသန်းနှင့် အခြားရေထွက်ပစ္စည်း (၁)တန်လျှင် (၃၆၃၆.၃၆၄)‌ ဒေါ်လာဖြင့် (၂.၇၅၀) တန် (၀.၀၁၀) ဒေါ်လာ သန်းတို့ဖြစ်သည်။

(၁၂-၈-၂၀၂၃ မှ ၁၈-၈-၂၀၂၃)ရက်နေ့ထိ  အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ဆေးဝါးပစ္စည်းများ (၀.၄၄၉)‌ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ(၀.၂၃၄) ဒေါ်လာ သန်း၊ ဆပ်ပြာ(၀.၁၈၉)ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၁၅၂)‌ ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၁၄၀) ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ (၀.၁၁၅) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၀၈၄) ဒေါ်လာသန်း၊ သုတ်‌ဆေး၊ ပေါလစ်များ(၀.၀၅၄)  ဒေါ်လာသန်း၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ (၀.၀၅၂) ဒေါ်လာသန်းနှင့် ကွန်ပျူတာ၊ ကွန်ပျူတာနှင့် သက်ဆိုင်သောပစ္စည်း ကိရိယာများ (၀.၀၄၇)‌ ဒေါ်လာသန်းတို့ဖြစ်သည်။ မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန်(၉.၈၃၂)ကန်ဒေါ်လာသန်း၊ သွင်းကုန်(၂၅.၅၇၂)ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ( ၃၅.၄၀၄) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News