Local News

ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ကုန်သွယ်မှုသတင်း

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၁၉-၈-၂၀၂၃) မှ (၂၅-၈-၂၀၂၃) အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ ချင်း(အစို)၊ အုန်းသီးနှင့် ဇီးယိုထုပ်တို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၃၁၅၀ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် ချင်း(အစို) တန်ချိန် ၈၉ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ချင်း(အစို) တန်ချိန် ၈၇ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ချင်း(အစို)တန်ချိန် ပိုမို၍တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုအပတ် ချင်း (အစို) တင်ပို့နိုင်မှုငွေပမာဏမှာ ၄၀၀၅၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News