Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၂၇-၈-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့်(၂၇-၈-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန်ဒေါ်လာ (1.055) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (2.982) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (4.037) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (388.500) တန်၊ တန်ဖိုးကန် ဒေါ်လာ(0.211)သန်း၊ သကာရည် (539.000) တန်၊ တန်ဖိုးကန်ဒေါ်လာ (0.176) သန်း၊ ငါးရှဉ့် (52.280) တန်၊ တန်ဖိုးကန်ဒေါ်လာ (0.157) သန်း၊ ကြေးနီ(34.000) တန်၊ တန်ဖိုး ကန်ဒေါ်လာ (0.096) သန်း၊ သီဟိုဠ်စေ့(15.800) တန်၊ တန်ဖိုး ကန်ဒေါ်လာ(0.077) သန်း၊ ကဏန်း (19.975) တန်၊ တန်ဖိုး (0.076) ဒေါ်လာသန်း၊ မိကျောင်းကွမ်းဖတ်စေ့(58.760) တန်၊ တန်ဖိုး ကန်ဒေါ်လာ(0.056) သန်း၊ မြေထောက်ပဲ (33.500) တန်၊ တန်ဖိုးကန်ဒေါ်လာ(0.049) သန်း၊ နနွင်းတက် (86.500) တန်၊ တန်ဖိုး ကန်ဒေါ်လာ (0.044) သန်းနှင့် ရော်ဘာ (33.500) တန်၊ တန်ဖိုး (0.040) ဒေါ်လာသန်းတို့ဖြစ်ပါသည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ (0.826)သန်း၊ သွပ်လိပ် တန်ဖိုးကန်ဒေါ်လာ(0.213) သန်း၊ ဒီဇယ်မီးစက် တန်ဖိုး ကန်ဒေါ်လာ (0.186) သန်း၊ အလူမီနီယံတံခါးဘောင်တန်ဖိုး ကန်ဒေါ်လာ (0.069) သန်း၊ စတီးပိုက်တန်ဖိုး ကန်ဒေါ်လာ (0.064) သန်း၊ ဓာတ်ဆီမီးစက် တန်ဖိုး ကန်ဒေါ်လာ (0.057) သန်း၊ PVC Flimပြား တန်ဖိုး ကန်ဒေါ်လာ (0.054) သန်း၊ ကြွေထည်ပစ္စည်းများတန်ဖိုး ကန်ဒေါ်လာ(0.053)သန်း ၊ လျှပ်စစ်မော်တာ တန်ဖိုး ကန်ဒေါ်လာ (0.049) သန်းနှင့် ကွန်ကရစ်ဖျော်ရာတွင်သုံးသည့် တုံခါစက် တန်ဖိုး ကန်ဒေါ်လာ (0.047) သန်းတို့ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ(၁) ရက်နေ့မှ (၂၇) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (30.166) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (40.021) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (70.187) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (288.630) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိပါသည်။ (၂၇-၈-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ကြက်သွန်နီ (၁) တန်လျှင် ကန်ဒေါ်လာ (543.764)နှုန်း၊ သကာရည်(၁)တန်လျှင်ကန်ဒေါ်လာ (326.849)နှုန်း၊ ငါးရှဉ့် (၁)တန် လျှင် ကန်ဒေါ်လာ(3004.672) နှုန်း၊ ကြေးနီ(၁) တန်လျှင် ကန်ဒေါ်လာ(2834.072) နှုန်း၊ သီဟိုဠ်စေ့ (၁)တန်လျှင် ကန်ဒေါ်လာ (4844.174) နှုန်း၊ ကဏန်း(၁)တန်လျှင် ကန်ဒေါ်လာ (3809.504) နှုန်း၊ မိကျောင်းကွမ်းဖတ်စေ့(၁)တန်လျှင် ကန်ဒေါ်လာ(954.571) နှုန်း၊ မြေထောက်ပဲ(၁) တန်လျှင် ကန် ဒေါ်လာ (1473.525) နှုန်း၊ နနွင်းတက်(၁) တန်လျှင် ကန်ဒေါ်လာ(512.738)နှုန်း ၊ ရော်ဘာ(၁) တန်လျှင် ကန်ဒေါ် လာ (1192.949) နှုန်းတင်ပို့နိုင်ခဲ့ပါသည်။

(၂၁-၈-၂၀၂၃) ရက်နေ့ မှ (၂၇-၈-၂၀၂၃) ရက်နေ့အတွင်း အများဆုံးအမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ(2828.500)တန်၊တန်ဖိုး ကန်ဒေါ်လာ (1.783)သန်း၊ ငါးရှဉ့် (372.360) တန်၊ တန်ဖိုးကန်ဒေါ်လာ (1.131) သန်း၊ ကဏန်း(162.600) တန်၊ တန်ဖိုး ကန်ဒေါ်လာ (0.626) သန်း၊ ရော်ဘာ(372.500) တန်၊တန်ဖိုး ကန်ဒေါ်လာ(0.466) သန်း၊ ကြေးနီ (138.000) တန်၊ တန်ဖိုး ကန်ဒေါ်လာ (0.395) သန်း၊ သီဟိုဠ်စေ့(79.400) တန်၊ တန်ဖိုးကန်ဒေါ်လာ(0.391) သန်း၊ ဝါဂွမ်း (199.613) တန်၊ တန်ဖိုး ကန်ဒေါ်လာ (0.350) သန်း၊ ကွမ်းသီးလုံး (198.270) တန်၊ တန်ဖိုးကန်ဒေါ်လာ(0.302) သန်း၊ နနွင်းတက် (522.905) တန်၊ တန်ဖိုး ကန်ဒေါ်လာ(0.297) သန်းနှင့် သကာရည် (840.000) တန်၊ တန်ဖိုး ကန်ဒေါ်လာ(0.280) သန်းတို့ဖြစ်ပါသည်။

(၂၁-၈-၂၀၂၃)ရက်နေ့မှ(၂၇-၈-၂၀၂၃)ရက်နေ့အတွင်း အများဆုံးအမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန်ဒေါ်လာ (5.979)သန်း၊ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (0.447) သန်း၊ သွပ်လိပ် တန်ဖိုး ကန်ဒေါ်လာ (0.434) သန်း၊ ဒီဇယ်ဆီတန်ဖိုးကန် ဒေါ်လာ (0.416) သန်း၊ ဒီဇယ်မီးစက် တန်ဖိုး ကန်ဒေါ်လာ (၀.၂၉၃) သန်း၊ စတီးပိုက် တန်ဖိုးကန် ဒေါ်လာ(၀.၂၆၆) သန်း၊ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ တန်ဖိုးကန်ဒေါ်လာ (၀.၂၂၁) သန်း၊ လျှပ်စစ်မော် တော်ဆိုင်ကယ်များတန်ဖိုးကန်ဒေါ်လာ(၀.၂၁၆)သန်း၊ ကြွေထည်ပစ္စည်းများ တန်ဖိုးကန်ဒေါ်လာ(၀.၂၀၃) သန်းနှင့် ဖိနပ်အမျိုးမျိုး တန်ဖိုး ကန်ဒေါ်လာ (၀.၁၈၃) သန်းတို့ဖြစ်ပါသည်။

(၂၁-၈-၂၀၂၃) ရက်နေ့ မှ (၂၇-၈-၂၀၂၃) ရက်နေ့အတွင်းအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအားကြက်သွန်နီ(၁) တန်လျှင် ကန်ဒေါ်လာ (630.329) နှုန်း၊ ငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ (3038.134) နှုန်း၊ ကဏန်း(၁)တန်လျှင် ကန်ဒေါ်လာ (3850.525) နှုန်း၊ ရော်ဘာ(၁) တန်လျှင်ကန် ဒေါ်လာ (1252.057) နှုန်း၊ ကြေးနီ(၁) တန်လျှင် ကန်ဒေါ်လာ(2864.589) နှုန်း၊ သီဟိုဠ်စေ့ (၁) တန် လျှင် ကန်ဒေါ်လာ (4926.122) နှုန်း၊ ဝါဂွမ်း (၁)တန်လျှင် ကန်ဒေါ်လာ (1755.085) နှုန်း၊ ကွမ်းသီးလုံး (၁) တန်လျှင် ကန်ဒေါ်လာ (1523.592) နှုန်း၊ နနွင်းတက်(၁) တန်လျှင် ကန်ဒေါ်လာ (522.905) နှုန်း၊ သကာရည်(၁) တန်လျှင် ကန်ဒေါ်လာ (333.395) နှုန်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။

မူဆယ်ဒေသမှ တရုတ်နိုင်ငံသို့ ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြန်မာပြည်အနှံ့အပြားမှ မူဆယ်၊ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်း/ တင်ပို့ကြရသည်ဖြစ်သဖြင့် ကုန်သွယ်မှု ဆောင်ရွက်နေသည့် လုပ်ငန်းရှင်/ကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်လုပ်ထုံး/လုပ်နည်းများအား အချိန်နှင့်တပြေးညီသိရှိအောင် ဆောင်ရွက်သင့်ပါသည်။ ထို့အပြင် ကုန်သွယ်ဖက်နိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍လည်း ၎င်းတို့၏မူဝါဒ လုပ်ထုံးလုပ်နည်းများ သိရှိအောင်ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုကိစ္စရပ်များအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ ရာသီဥတုနှင့် လမ်းကြံ့ခိုင်မှုအခြေအနေ၊ နယ်မြေဒေသအခြေအနေတို့ကို ကုန်သည်လုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်သတင်းရယူခြင်း၊ သက်ဆိုင်ရာကုန် သည်အသင်းအဖွဲ့များ၊ ညီနောင်အသင်းများဖြင့် ချိတ်ဆက်ခြင်းအပြင် လိုအပ်ပါကသက်ဆိုင်ရာ အစိုးရဌာနများသို့ သတင်းပို့တင်ပြခြင်းများ ဆောင်ရွက်သင့်ပါသည်။ တင်သွင်း/တင်ပို့လိုသည့် ကုန်ပစ္စည်းအမယ်အသစ်များရှိပါကလည်း သက်ဆိုင်ရာအစိုးရဌာနများ သို့ သတင်းပို့ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ပါသည်။ လက်ရှိကာလအနေဖြင့် မန္တလေး- လားရှိုး- မူဆယ် ကုန်သွယ်မှုလမ်းကြောင်းကောင်းမွန်လျက်ရှိ ပါသည်။

Source: https://commerce.gov.mm

Category: Local News