Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ ၁၉၁.၈၂ တန်၊ ဂျင်းခရုအရှင် ၁၁.၄ တန်၊ ရွှံ့ဂဏန်းအရှင် ၂.၈ တန်၊ အေးခဲကင်းမွန် ၆.၅ တန်၊ ဂဏန်းအသေ ၁၂.၃ တန်၊ ရေချိုပုစွန် ၀.၇၅ တန်၊ ကင်းမွန်ပြုတ်ခြောက် ၀.၅ တန်၊ ရေခူဆားနယ် ၁၁.၇ တန်၊ ပုစွန်ငါးပိ ၅.၈ တန်၊ ကျောက်ပုဇွန်အရှင် ၁.၂၈ တန်၊ ငှက်ပျောသီး  ၉၅ တန်၊ ငရုတ်သီးစိမ်း ၇၁.၉၃၈ တန်၊ ကြက်သွန် နီ ၆၈ တန်၊ ဓနိဖက် ၅၄ တန်နှင့် တံမြက်စည်း ၃၉၀၀၀ ခု တင်ပို့နိုင်ခဲ့သည်။

အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး ၅၄ တန်၊ ဂျစ်ပဆမ်ကျောက်ပြား (Gypsum Board) ၁၂၈ တန်၊ ငါးသေတ္တာဘူးခွံ ၅ တန်၊ A4 Paper ၄၈ တန်၊ PVC Floor ၂ တန်၊ ဖိနပ် ၁၂၀၀၀ ရံနှင့် ကြွေပြား ၄၀၀၀ စတုရန်းမီတာ ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ ၁ တန် ဈေးနှုန်းမှာ ငါးမျိုးစုံ ၁၀၂၄.၉၂ ဒေါ်လာ၊ ဂျင်းခရုအရှင် ၁၅၂၆.၃၂ ဒေါ်လာ၊ ရွှံ့ဂဏန်းအရှင် ၃၈၅၇.၁၄ ဒေါ်လာ၊ အေးခဲကင်းမွန် ၁၇၆၉.၂၃ ဒေါ်လာ၊ ဂဏန်းအသေ ၁၂၉၂.၆၈ ဒေါ်လာ၊ ရေချိုပုစွန် ၈၉၃၃.၃၃ ဒေါ်လာ၊ ကင်းမွန်ပြုတ်ခြောက် ၄၄၀၀ ဒေါ်လာ၊ ရေခူဆားနယ် ၁၈၉၇.၄၄ ဒေါ်လာ၊ ပုစွန်ငါးပိ ၁၇၄၁.၃၈ ဒေါ်လာ၊ ကျောက်ပုစွန်အရှင် ၂၅၅၄၆.၈၈ ဒေါ်လာ၊ ငှက်ပျောသီး ၃၁၁.၅၈ ဒေါ်လာ၊ ငရုတ်သီးစိမ်း ၈၀၂.၀၈ ဒေါ်လာ၊ ကြက်သွန်နီ ၃၉၅.၅၉ ဒေါ်လာ၊ ဓနိဖက် ၁၃၅.၁၉ ဒေါ်လာနှင့် တံမြက်စည်း ၁ ချောင်းလျှင် ၀.၂၀၅ ဒေါ်လာဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ ၁ တန်ဈေးနှုန်းမှာ သစ်သီး ၂၅၃.၇ ဒေါ်လာ၊ ဂျစ်ပဆမ်ကျောက်ပြား (Gypsum Board) ၁၇၃.၄၄ ဒေါ်လာ၊ ငါးသေတ္တာဘူးခွံ ၃၄၀ ဒေါ်လာနှုန်း၊ A4 Paper ၁၃၀၆.၂၅ ဒေါ်လာနှုန်း၊ PVC Floor ၅၅၀ ဒေါ်လာနှုန်း၊ ဖိနပ် ၁ ရံလျှင် ၀.၁၂ ဒေါ်လာနှုန်း၊ ကြွေပြား ၁ စတုရန်းမီတာလျှင် ၂.၄၅ ဒေါ်လာ နှုန်းဖြစ်သည်။

Source: DOT (မောတောင် )

Source: https://commerce.gov.mm

Category: Local News