Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု အခြေအနေ

Last Updated:

     ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၂၀  ရက်မှ ၂၆ ရက်နေ့ အတွင်း ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ထောပတ်ပဲ၊ ‌ရွှေဖရုံသီး၊ သရက်သီး၊ ဆန်ကွဲနှင့် ကြိမ်များ တင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်းငွေပမာဏမှာ ၂၃၄၅၉၄၅.၃၇ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ မေလ ၁၃  ရက်မှ ၁၉ ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏ ၄၄၈၅၉၃၉.၂၄ ကန်ဒေါ်လာ နှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၂၁၃၉၉၉၃.၈၇ ကန် ဒေါ်လာတန်ဖိုး လျော့နည်း၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။

      သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၂၀  ရက်မှ ၂၆  ရက်နေ့အတွင်း လယ်ထွန်စက်များ၊ ချည်ထည်များ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ၊ ဓါတ်မြေသြဇာများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ သားရေ/သား‌ရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ ဓါတုဗေဒချည်ခင်များ၊ သံပိုက်၊ မြက်ခင်းတုနှင့် ကားတာယာများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ၁၀၇၅၃၃၅.၂၅ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ မေလ ၁၃  ရက်မှ ၁၉ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုး ၁၂၀၆၉၀၅.၀၀ ကန်ဒေါ်လာနှင့် ကာလတူတင် သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၁၃၁၅၆၉.၇၅ ကန်ဒေါ်လာတန်ဖိုး လျော့နည်း၍ တင်သွင်းခဲ့ သည်ကို တွေ့ရပါသည်။

            တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၁၂၇၀၆၀၉.၆၂ ကန်ဒေါ်လာ ပိုမိုပြီး ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ကုန်သွယ်မှုစာရင်း များအရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် .၃၃၇ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၆.၇၃ ကျပ်ရှိကြောင်းသိရှိရပါသည်။

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News