Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့ထိ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှ (၂၅)ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၈၀၃) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၂၂၃) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၀၂၆) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်လ (၂၄) ရက်နေ့မှ (၂၅) ရက်နေ့ အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်း များမှာ ငါးမျိုးစုံ (၂၅.၃၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၇၂) သန်း၊ သဲဂဏန်း( အရှင်) (၃.၈)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၆)သန်း၊ ပုဇွန် (၂.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၂)သန်း၊ ဂျင်းခရု (အရှင်) (၉.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၄၃)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၂၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၅၆)သန်း၊ ငှက်ပျောသီး (၄၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၆)သန်း၊ တံမြက်စည်း (၁၂၀၀၀U)၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၄)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိက တင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၁.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၄)သန်း၊ ကြွေပြား (၈၀၀M2)၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၇)သန်း၊ ပုဇွန်စာ (၆၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၈)သန်း၊ ငါးသေတ္တဘူးခွံ (၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၂)သန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၀၇၁.၇၁)ဒေါ်လာနှုန်း၊ (၂၅.၃၈)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၇၂)သန်း၊ သဲဂဏန်း (အရှင်)(၄၂၁၀.၅၃) ဒေါ်လာနှုန်း(၃.၈)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၁၆)သန်း၊ ပုဇွန်(၅၀၀) ဒေါ်လာနှုန်း၊ (၂.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၂)သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၅.၂၆၃)ဒေါ်လာနှုန်း၊ (၉.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၄၃)သန်း၊ ကျောက်ပုဇွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၂၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၅၆)သန်း၊ ငှက်ပျောသီး (၃၀၂.၂၂၂) ဒေါ်လာနှုန်း(၄၅)တန်၊ ကန်ဒေါ်လာ (၀.၀၁၃၆) ဒေါ်လာသန်း၊ တံမြက်စည်း (၀.၂)ဒေါ်လာနှုန်း၊ (၁၂၀၀၀U)၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၄) သန်းဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ သစ်သီး (၂၆၆.၆၇)ဒေါ်လာနှုန်း၊ (၁.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၄)သန်း၊ ပုဇွန်စာ (၃၀၀)ဒေါ်လာနှုန်း၊ (၆၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၈)သန်း၊ ငါးသေတ္တာဘူးခွံ (၂၄၀) ဒေါ်လာနှုန်း၊ (၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၂)သန်း၊ ကြွေပြား M2၊ ဈေးနှုန်းမှာ (၃.၃၇၅) ဒေါ်လာနှုန်း (၈၀၀ M2)၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၇)သန်း ဖြစ်သည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁)စီးလျှင် ကုန်ကျစ်(၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ - မောတောင် ကုန်သွယ်မှု လမ်းကြောင်း ကောင်းမွန်လျက်ရှိသည်။

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံးပြု၍ ကုန်သွယ်မှု ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၄-၇-၂၀၂၃)ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁)သိန်းလျှင် ဘတ်(၁၀၆၀)၊ (၁)ဘတ်လျှင် မြန်မာငွေကျပ် (၉၄.၃၄)ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သုံးသပ်သိရှိရသည်။

source: https://www.commerce.gov.mm/

Category: Local News