International News

အရန်ဆန်တိုးမြှင်ရန် ဖိလစ်ပိုင်သမ္မတ ပြောကြား

Last Updated:

ဆန်တင်သွင်းမှု အများဆုံးနိုင်ငံတစ်ခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတ ဖာဒီနန်မားကို့စ်က ဖိလစ်ပိုင်နိုင်ငံ၏ အရန်ဆန် လက်ကျန်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ အယ်နီညိုရာသီဥတု ခြောက်သွေ့မှုသည် ပြည်တွင်း စပါးထွက်ရှိမှုကိုသာမက ဆန်တင်ပို့သည့် နိုင်ငံများအပေါ်တွင်လည်း သက်ရောက်မည့် အလားအလာ အပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဘာစမာတီမှအပ ဆန်ဖြူတင်ပို့မှု ပိတ်ပင်ထားသော အိန္ဒိယထံမှ ဆန်ဝယ်ယူနိုင်ဖို့ ကြိုးပမ်းမည်ဟု ၎င်းက ပြောကြားသည်။ ဖိလစ်ပိုင်သည် အစဉ်အလာအားဖြင့် အိမ်နီးချင်း ဗီယက်နမ်နိုင်ငံမှ ဆန်ကို အဓိကထားပြီး ဝယ်ယူသည်။ သို့သော် အခြားဝယ်လက်များ များပြားလာသည်နှင့်အမျှ ဗီယက်နမ်ဆန် ရဖို့ အကန့်အသတ် ရှိလာနိုင်ကြောင်း မားကို့စ်က ပြောကြားသည်။ အိန္ဒိယဆန် ဝယ်ယူနိုင်လိမ့်မည်ဟု ယူဆကြောင်း ၎င်းက ပြောကြား သည်။

အိန္ဒိယအစိုးရအနေဖြင့် ဆန်ဝယ်ယူခြင်းကို တံခါးဖွင့်ပေးထားသည်။ ဆန်ဝယ်ယူလိုသည့် နိုင်ငံ၏ ဆန်လိုအပ် ချက်အရ အိန္ဒိယဆန် ရောင်းချဖို့ စဉ်းစားပေးမည်ဟု ဆိုသည်။ ဖိလစ်ပိုင်တွင် ဆန်တင်သွင်းမှုကို ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်ကြောင်း၊ အစိုးရဌာနများက အရန်ဆန် သိုလှောင်ရန် လယ်သမားများထံမှ ဝယ်ယူပြီး အရန်ဆန် အတွက် ပြည်ပမှ တင်သွင်းခြင်းကို အရေးပေါ်ကိစ္စရပ်အဖြစ် သမ္မတက အတည်ပြုပေးရန် လိုအပ်ကြောင်း သိရှိ ရပါသည်။

source: https://www.foodindustrydirectory.com.mm

Category: International News