တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် မြို့နယ်လေးမြို့နယ်ရှိရာ ၄င်းလေးမြို့နယ်မှ ပုလောမြို့နယ်၊ မလိကျွန်းမှအုန်းသီးအများအပြားထွက်ရှိပြီး ထွက်ရှိသော အုန်းသီးများကို မြိတ်မြို့ပေါ်သို့ လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။
အုန်းသီးသည် တစ်လုံးလုံးအသုံးဝင်သောအသီးဖြစ်ပါသည်။ အုန်းသီးဖက်များမှ ကယ်လိုရီ ပမာဏအများအပြားရရှိသဖြင့် ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေပါသည်။ အုန်းသီးအရင့်များကို မြိတ်ဒေသတွင် လက်လုပ်အုန်းနို့မုန့်များတွင် အသုံးပြုကြသလို၊ ခေါင်းတွင်လိမ်းရန်အတွက် အုန်းဆီလည်းပြုလုပ်ကြပါသည်။ အုန်းသီးမရင့်မှီ အနုများကိုလည်း ခူးဆွတ်၍ရောင်းကြပါသည်။ အုန်းသီးအရင့်ထက် အုန်းသီးအနုက ဈေးကောင်းပိုရပါသည်။ အုန်းသီးနုအရည်ကို သောက်သုံးခြင်းဖြင့် ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဆီးအဖြစ်နဲ့စွန့်ထုတ်စေပြီး ကျောက်ကပ်တွင် ကျောက်ကဖင်းဓါတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်များ၊ အဆီဓါတ်များသောအသားကင်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများနှင့် အချိန်နီးကပ်စွာစားသုံးခြင်းကို ရှောင်ရှားပေးခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။ မနက်ခင်း အစာမစားမှီ သောက်သုံးပေးသင့်ပါသည်။
၂၀၂၆ခုနှစ်၊ ဇူလိုင်လဒုတိယပတ်တွင် အုန်းသီးအများအပြားထွက်ရှိသဖြင့် အုန်းသီးအရင့် ဈေးနှုန်းသည်လည်း အနည်းငယ်ကျဆင်းပါသည်။ မြိတ်ဒေသတွင် ယခုကာလ ဒူးရင်းသီးပေါ်ချိန်ဖြစ်သဖြင့် ဒူးရင်းသီး၊ ကောက်ညှင်း၊ အုန်းနို့ရောမုန့် ပြုလုပ်ရောင်းချသူပိုများပြားပါသည်။ အုန်းသီးအရင့် ဈေးနှုန်းများမှာ တစ်လုံးလျှင် (၁၅၀၀)ကျပ်ဖြစ်၍ အုန်းသီးအနုတစ်လုံးလျှင် (၃၅၀၀)ကျပ် ဈေးနှုန်းခန့်ရှိကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm/