International News

ဂျပန်နိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိ

Last Updated:

ဂျပန်အစိုးရအနေဖြင့် အာဖရိကတွင် ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင် နိုင်ရေးအတွက် အာဖရိကဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်း စေရေး ဆောင်ရွက်လျက်ရှိကြောင်း ၁၃-၁၂-၂၀၂၄ ရက်နေ့ထုတ် The NHK News သတင်းစာ တွင် “Japan planning to deepen economic ties with Africa” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ ပါသည်။

အဆိုပါ သတင်းတွင် အာဖရိကဒေသသည် ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ ၂.၅ ဘီလီယံ ရှိသည့် ဈေးကွက်ဖြစ်လာနိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် အာဖရိကဒေသသည် သယံဇာတအရင်း အမြစ်များ အဓိကထွက်ရှိလာမည့် အလားအလာကောင်းသည့် နေရာဒေသတစ်ခုလည်း ဖြစ် ကြောင်း၊ဂျပန်နိုင်ငံ စီးပွားရေးနှင့်စက်မှုဝန်ကြီးဌာနအနေဖြင့် အာဖရိကဒေသရှိ နိုင်ငံပေါင်း ၆၀ မှ အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည့် အာဖရိကဖွံ့ဖြိုးရေးဘဏ်နှင့် နားလည်မှုစာချွန်လွှာရေးထိုး သွားမည် ဖြစ်ကြောင်း၊ ဂျပန်အစိုးရ၏ Nippon Export and Investment Insurance (NEXI) အနေဖြင့် ဟိုက်ဒရိုဂျင်၊ အမိုးနီးယား၊ သယံဇာတအရင်းအမြစ်များနှင့် မော်တော်ယာဉ် ထုတ်လုပ် သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမည့် ဂျပန်ကုမ္ပဏီများအနေဖြင့် အာဖရိကဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ ချေးယူရာတွင် အာမခံပေးနိုင်ရေးလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

ဂျပန်နိုင်ငံနှင့် အာဖရိကဒေသအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးအတွက် ဂျပန်နိုင်ငံရှိ ကုမ္ပဏီကြီးများနှင့် အာဖရိကရှိ ပေါ်ထွန်းစ စီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးအတွက် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် မူဘောင်တစ်ရပ်တည်ထောင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

 

Source: The NHK News 

Category: International News