International News

ဂျပန်အစိုးရအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် စားသောက်ကုန်ဆိုင်ရာ လုပ်ငန်းများတွင် အစားအသောက်များ ပျက်စီးဆုံးရှုံးမှုရာခိုင်နှုန်းကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေး ဆောင်ရွက်သွားမည်

Last Updated:

စားသောက်ကုန်နှင့် ဆက်စပ်သည့် လုပ်ငန်းများမှ နှစ်စဉ်အစားအသောက်များ ပျက်စီးဆုံးရှုံးမှုရာခိုင်နှုန်းကို ၂၀၀၀ ပြည့်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၃၀ ပြည့်နှစ်တွင် ၆၀ ရာခိုင်နှုန်း လျှော့ချ နိုင်ရေးဆောင်ရွက်သွားမည့် စီမံချက်မူကြမ်းကို ဂျပန်နိုင်ငံ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၁၆-၁၂-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ၁၇-၁၂-၂၀၂၄ ရက်နေ့ထုတ် The Japan Times သတင်းစာတွင် “Japan drafts more ambitious 60% goal for cutting business food loss by 2030” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် အစားအသောက်နှင့် အဖျော် ယမကာများ သက်တမ်းမကုန်မီကာလအတွင်း စွန့်ပစ်သည့် အလေ့အကျင့်များကို ပြောင်းလဲ နိုင်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် အစားအသောက်နှင့် အဖျော်ယမကာများ သက်တမ်းမကုန်မီကာလအတွင်း ဆောလျင်စွာ ရောင်းချရန် လိုအပ်ကြောင်း၊ အစားအသောက် များ ပျက်စီးဆုံးရှုံးမှုများမှာ စားသောက်ကုန် ထုတ်လုပ်သူများ၊ လက်လီရောင်းချသူများနှင့် စားသောက်ဆိုင်များကဲ့သို့သော စားသောက်ကုန်နှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများတွင် ဖြစ်ပွားလျက် ရှိကြောင်း၊  ထို့အတူ အိမ်ထောင်စုများတွင်လည်း အစားအသောက် ပျက်စီးဆုံးရှုံး မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် လက်ရှိတွင် နှစ်စဉ်စားသောက်ကုန် ပျက်စီးဆုံးရှုံးမှုပမာဏကို ၂၀၀၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်လျှော့ချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဂျပန် အစိုးရအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် စီးပွားရေးလုပ်ငန်းများ၏ နှစ်စဉ်စားသောက်ကုန် ပျက်စီး ဆုံးရှုံးမှုပမာဏကို ၂.၇၃ သန်းတန်နှင့် အိမ်ထောင်စုများ၏ နှစ်စဉ်စားသောက်ကုန် ပျက်စီး ဆုံးရှုံးမှုပမာဏကို  ၂.၁၆ သန်းတန် ရှိစေရေး မျှော်မှန်းဆောင်ရွက်လျက် ရှိကြောင်း၊ စီးပွားရေး လုပ်ငန်းများ၏ နှစ်စဉ်စားသောက်ကုန် ပျက်စီးဆုံးရှုံးမှုပမာဏမှာ ၂.၇၃ သန်းတန်ကို နှစ်စဉ် ကျော်လွန်ခဲ့သော်လည်း ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၂.၃၆ သန်းတန်သို့ ကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် ဂျပန်အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများ၏ နှစ်စဉ်စားသောက်ကုန် ပျက်စီးဆုံးရှုံးမှုပမာဏကို ၂၀၃၀ ပြည့်နှစ်တွင် ၂.၇၃ သန်းတန်ရှိစေရန် ရည်မှန်းဆောင်ရွက်ခဲ့ရာမှ ၂.၁၉ သန်းတန်သို့ ပြောင်းလဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၂၀၂၂ ဘဏ္ဍာနှစ်တွင် အိမ်ထောင်စုများ၏ နှစ်စဉ် စားသောက်ကုန် ပျက်စီးဆုံးရှုံးမှုပမာဏမှာ ၂.၃၆ သန်းတန်ရှိခဲ့သည့်အတွက် အိမ်ထောင်စုများ၏ နှစ်စဉ်စားသောက်ကုန် ပျက်စီးဆုံးရှုံးမှုပမာဏ မျှော်မှန်းချက်ကို ပြောင်းလဲသွားမည် မဟုတ် ကြောင်း ဖော်ပြထားပါသည်။ ဂျပန်အစိုးရ၏ မျှော်မှန်းချက်အသစ်များကို ၂၀၂၄ ဘဏ္ဍာနှစ် အတွင်း တရားဝင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

 

Source: The Japan Times 

 

Category: International News