International News

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ကျောက်မျက်ရတနာကဏ္ဍသည် ဦးဆောင်သူအဖြစ် ရှိနေမည်ဟု Beauty Gems က သုံးသပ်ပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး ပို့ကုန်ကဏ္ဍဖြစ်သော ကျောက်မျက်ရတနာနှင့် လက်ဝတ် ရတနာကဏ္ဍသည် ယခုနှစ်တွင်လည်း ဦးဆောင်သူနေရာတွင် ရပ်တည်နေမည်ဟု ခန့်မှန်းထားကြောင်း Beauty Gems မန်နေးဂျင်းဒါရိုက်တာ Mr. Suriyon Sriorathaikul က သုံးသပ် ပြောကြား ခဲ့ပါသည်။

အဓိကပို့ကုန်ဈေးကွက်များမျာ ဟောင်ကောင်၊ ဥရောပ၊ အမေရိကန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ဖြစ်ကြောင်း၊ ကုန်သွယ်ရေး ယှဉ်ပြိုင်မှုများ မြင့်တက်လာခြင်းနှင့် ကာကွယ်သည့် အစီအမံများ စသည်တို့ကြောင့် ယခုနှစ်တွင် စိန်ခေါ်မှုများ ကြုံတွေ့ရနိုင်ကြောင်း၊ ထရမ့် ၂.၀ အစိုးရက မိတ်ဆက်လာသော အခွန်တိုးမြှင့်ရာတွင် တင်သွင်းကုန်စည်အားလုံးအပေါ် တိုးမြှင့်ရန် စီစဉ်ထားရာ ကျောက်မျက်ကဏ္ဍအတွက် ထည့်သွင်းစဉ်းစားရမည့် အခက်အခဲများဖြစ်ကြောင်း၊ ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများနှင့် ဥရောပတစ်လွှား စီးပွားရေးကျဆင်းနေမှုများသည် ကျောက်မျက်နှင့်လက်ဝတ်ရတနာများအတွက် ကမ္ဘာ့ကုန်သွယ်ရေးပုံစံကို ပိုမိုခက်ခဲလာစေပါကြောင်း၊ လက်ဝတ်ရတနာ ထုတ်လုပ်သူများအနေဖြင့် ရွှေ၊ ငွေ နှင့် အခြားတန်ဖိုးကြီး သတ္တုကဲ့သို့သော ကုန်ကြမ်းဈေးနှုန်းများ အတက် အကျဖြစ်နေခြင်းအပေါ် စစ်ဆေးသင့်ပြီး ကမ္ဘာ့စိန်ခေါ်မှုများမှ သက်သာစေမည့် ဝယ်ယူသူများ၏ ယုံကြည်ချက်ကို ထိန်းထားသင့်ကြောင်း   Mr. Suriyon က သုံးသပ်အကြံပြုထားပါသည်။

ထိုင်းနိုင်ငံ ကျောက်မျက်ကဏ္ဍအတွက် အကြီးဆုံးဈေးကွက်များထဲမှ တစ်ခုဖြစ်သော အမေရိ ကန်၏ အခွန်တိုးမြှင့်ခြင်းသည် ထိုင်းနိုင်ငံ၏ ကျောက်မျက်ကဏ္ဍကို သက်ရောက်နိုင်ပြီး အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေဖြစ်ပေါ်နေသော ထိုင်းနိုင်ငံအတွက် အကျိုးကျေးဇူးရှိပါကြောင်း၊ အဆိုပါကဏ္ဍကို မြှင့်တင်လိုပါက ကုန်ကြမ်းများအပေါ် ထိရောက်သော သွင်းကုန်များအတွက် လိုအပ်ချက်နှင့်သွင်းကုန် နှင့် ပို့ကုန် ၂ မျိုးလုံးအတွက် အကောက်ခွန်လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရေး အလေးပေးရန် ဖြစ်ကြောင်း၊ ယှဉ်ပြိုင်နိုင်မှုကို ထိန်းသိမ်းရန်အတွက် လုပ်ထုံးလုပ်နည်း လွယ်ကူချောမွေ့ပြီး ဗျူရို ကရက်တစ်အခက်အခဲများကို ဖယ်ရှားရန်မှာ အဓိက ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ကျောက်မျက် ကဏ္ဍသည် နိုင်ငံ၏ အရေးပါသော ဝင်ငွေရှာဖွေပေးနိုင်သည့် ကဏ္ဍအဖြစ် မှတ်ယူသင့်ပြီး ကုန်ကြမ်း တင်သွင်းမှု၊ ထုတ်လုပ်သည့် လုပ်ငန်းစဉ်များ၊ ကဏ္ဍကို မြှင့်တင်ပေးခြင်း၊ အခွန်စနစ်ပြန်လည်ပြင်ဆင်ခြင်းနှင့် ပို့ကုန်များပြန်လည်တင်ပို့ခြင်းတို့တွင် ပေါင်းစည်းထားသော ထောက်ပံ့မှုပေးသင့်ကြောင်း ဖြည့်စွက်အကြံပြုထားပါသည်။

ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍသည် တီထွင်ဖန်တီးသော စက်မှုဖြစ်သည့် အားလျော်စွာ ထုတ်ကုန်ဒီဇိုင်းနှင့်လက်မှုပညာကို ပြသနိုင်ပါကြောင်း၊ ထူးခြားသော တီထွင်မှုဖြစ်သည့် ဆင်နှင့်ပိုးကောင်ပုံစံ ရင်ထိုးများသည် ထုတ်ကုန်တန်ဖိုးကို မြင့်တက်စေပြီး အနုပညာဒီဇိုင်းသည် နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ကို ထင်ဟပ်စေသကဲ့သို့ Soft Power မဟာဗျူဟာကိုလည်း မြှင့်တင်ရာရောက်ပါကြောင်းသုံးသပ်ထားပါသည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News