အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုသည် အမေရိကန်အစိုးရက အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(U.S. Agency for International Development, USAID)၏ အစီအစဉ်များကို ရက်သတ္တ(၆)ပတ်အတွင်း ဖျက်သိမ်းခဲ့ကြောင်း၊ သုံးသပ်ဆန်းစစ်မှုများကို တရားဝင် အပြီးသတ်ပြီးဖြစ်ကာ USAID ၏ အစီအစဉ် (၆,၂၀၀)ခု အနက် (၅,၂၀၀)ခုအား ဖျက်သိမ်းပြီး ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ အကျိုးမဖြစ်သည့် အစီအစဉ်များတွင် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ ကုန်ကျရလျက်ရှိကြောင်း၊ လွှတ်တော်နှင့်တိုင်ပင်၍ USAID ၏ ကျန်ရှိသည့် (၁၈) ရာခိုင်နှုန်းအစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်တွင် ရွှေ့ပြောင်းဆက်လက်ဆောင်ရွက် မည်ဟု “X” လူမှုကွန်ရက်စာမျက်နှာတွင် ၁၀-၃-၂၀၂၅ ရက်က ရေးသားဖော်ပြခဲ့ကြောင်း၊ အမေရိကန် အစိုးရသည် USAID ၏ မည်သည့်အစီအစဉ်များကို ဆက်လက်ဆောင်ရွက်မည်ဆိုသည့်ကိစ္စအား အသေးစိတ်အကြောင်းကြားခြင်းမရှိကြောင်း၊ မြန်ဆန်စွာရပ်တန့်မှုများကြောင့် အစီအစဉ်များအလိုက် သုံးသပ်ဆန်းစစ်ခြင်း ရှိ/မရှိကို ထုတ်ပြန်ခြင်းမရှိကြောင်း၊ လတ်တလောတွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် USAID ကို ရုတ်တရက်ပိတ်သိမ်းမှုနှင့်စပ်လျဉ်း၍ တရားစွဲဆိုမှုများဖြင့် ရင်ဆိုင်ရ လျက်ရှိကြောင်း၊ တရားစွဲဆိုမှုများတွင် USAID ပိတ်သိမ်းမှုကြောင့် ထောက်ပံ့ရေးအုပ်စုများနှင့် စီးပွားရေးလုပ်ငန်းများသည် ဒေါ်လာဘီလီယံနှင့်ချီသည့် စာချုပ်များချုပ်ဆိုထားမှုများကို လျစ်လျူရှု ခြင်းခံရသဖြင့် တရားစွဲဆိုမှုများ ပါဝင်ကြောင်း၊ ပြည်ပရှိ USAID ဝန်ထမ်းများနှင့် မိသားစုများသည် လုပ်ငန်းများရပ်ဆိုင်းခံရသဖြင့် အမေရိကန်နိုင်ငံက ပံ့ပိုးသည့်လစာနှင့် အမေရိကန်နိုင်ငံသို့ပြန်ရန် အတွက် ခရီးစရိတ်ရရှိရန် စောင့်ဆိုင်းလျက်ရှိကြကြောင်း၊ အစီအစဉ်ပိတ်သိမ်းသည့်အရေအတွက် (၈၃) ရာခိုင်နှုန်းသို့ လျော့နည်းသွားခြင်းနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးက တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းမရှိကြောင်း သတင်းများအရ သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။