ယူအေအီးနိုင်ငံသမ္မတ Sheikh Mohamed bin Zayed Al Nahyan နှင့် နယူးဇီလန်နိုင်ငံ၀န်ကြီးချုပ် Christopher Luxon တို့ နှစ်နိုင်ငံအကြား ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက် (CEPA) တစ်ရပ်ကို သမိုင်းဝင်ဆောင်ရွက်မှုတစ်ခုအဖြစ် လက်မှတ်ရေးထိုးသည့်အခမ်းအနား အား တက်ရောက်ခဲ့ကြပါသည်။
အဘူဒါဘီအမျိုးသားပြပွဲစင်တာ (ADNEC) တွင် လက်မှတ်ရေးထိုးခဲ့ကြသော အဆိုပါသဘောတူညီ ချက်သည် ကုန်သွယ်မှုဆိုင်ရာအတားအဆီးများကို လျှော့ချရန်၊ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ် နည်းများကို တိုးတက်စေရန်နှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန် ရည်ရွယ်ထားပါသည်။
ယူအေအီးနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး ဒေါက်တာ Thani bin Ahmed Al Zeyoudi နှင့် နယူး ဇီလန်နိုင်ငံ ကုန်သွယ်ရေး၀န်ကြီး Hon Todd McClay တို့မှ သိသာထင်ရှားသော စီးပွားရေးအခွင့် အလမ်းများကိုဖွင့်လှစ်ပေးသွားပေးမည်ဟု ကတိကဝတ်ပြုထားသောသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ပါသည်။ ယူအေအီးနိုင်ငံသမ္မတ Sheikh Mohamed bin Zayed က အာရှ-ပစိဖိတ်ဒေသနှင့် ဆက်ဆံရေးကိုအားကောင်းလာစေရန်နှင့် ဆန်းသစ်တီထွင်မှုနှင့် အရည် အချင်းများအပေါ်အခြေခံ၍ ကြံ့ကြံ့ခံနိုင်ပြီးအနာဂတ်အတွက်အဆင်သင့်ရှိနေသော စီးပွားရေး လုပ် ငန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် CEPA သဘောတူညီချက်များ၏ အရေးပါမှုအပေါ် မီးမောင်းထိုးဖော်ပြ ခဲ့ပါသည်။
ဤသဘောတူညီချက်သည် ၂၀၂၄ ခုနှစ်၊ ပထမကိုးလတာ အတွင်း အမေရိကန်ဒေါ်လာ ၆၄၂သန်း အထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၈ % တိုးတက်လာခဲ့သည့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ကို သိသိသာသာမြှင့်တင်သွားနိုင်မည်ဟု မျှော်မှန်းထားပါသည်။ အဆိုပါ CEPA အရ နယူးဇီလန်နိုင်ငံ သည် ယူအေအီးထုတ်ကုန်များ၏ ၉၈.၅ % ကို အခွန်ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ပြီး သုံးနှစ် အတွင်း ၉၉ % အထိရောက်ရှိသွားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကာ အပြန်အလှန်အားဖြင့် နယူး ဇီလန်နိုင်ငံသည် ယူအေအီးနိုင်ငံသို့တင်သွင်းသည့် သွင်းကုန်များအတွက် ၁၀၀ % အခွန်ကင်းလွတ် ခွင့်ကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
အဆိုပါသဘောတူညီချက်သည် ၂၀၃၂ ခုနှစ်မတိုင်မှီ အမေရိကန်ဒေါ်လာ ၅ဘီလီယံအထိရောက်ရှိ စေရန်အတွက် ကုန်သွယ်မှုပမာဏသုံးဆအထိ တိုးတက်သွားရန်ရည်မှန်းထားပြီး ငါးနှစ်အတွင်း ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံမှ ဆက်လက်တိုးချဲ့သွားရန် ရည်မှန်းထားပါသည်။ သဘော တူညီချက်အတွင်းတွင် ဌာနေကုန်သွယ်မှု၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုး သမီးများ၏ စီးပွားရေးစွမ်းဆောင်နိုင်မှုစသည့် အဓိကကဏ္ဍများအကျုံးဝင်ပါရှိပါသည်။ CEPA နှင့် အတူ ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကိုပိုမိုတိုးမြှင့်ရန်အတွက် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုစာချုပ်ကို ဆက် လက်လက်မှတ်ရေးထိုး ခဲ့ကြပါသည်။
ဤသဘောတူညီချက်သည် ယူအေအီးနိုင်ငံ၏ CEPA အစီအစဉ်တွင် အခြေခံအုတ်မြစ်ဖြစ်ပြီး ၂၀၃၁ ခုနှစ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလီယံသို့ရောက်ရှိစေရန်အတွက် စီမံဆောင်ရွက်လျှက်ရှိသော ယူအေအီးနိုင်ငံ၏မဟာဗျူဟာတွင် အဓိကကျကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။
စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့။