International News

၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် နိုင်ငံနှင့်ဒေသပေါင်း (၁၆၀)ကျော်အထိ မြင့်တက်လာ

Last Updated:

၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံမှ ပို့ကုန်တင်ပို့မှုသည့် နိုင်ငံနှင့် ဒေသပေါင်း (၁၆၀) ကျော်ရှိ ခဲ့ပြီး ယခင်နှစ်ကထက် တိုးတက်ခဲ့ကြောင်း တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC) ၏ အချက်အလက်အရ သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ပို့ကုန်သည် တစ်နှစ်ထက်တစ်နှစ် (၇.၁)ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယွမ် (၂၅.၄၅)ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၅၅ ထရီလီယံခန့်)သို့ ရောက်ရှိခဲ့ကာ (၈)နှစ်ဆက် တိုက် တိုးတက်မှုရရှိခဲ့ကြောင်း GACC က ထုတ်ပြန်ခဲ့သည့် နောက်ဆုံးအချက်အလက်များအရ သိရှိရသည်။

ဘရာဇီးလ်၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံများသို့ တင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ် (၂၃.၃)ရာခိုင်နှုန်း၊ (၁၉.၂)ရာခိုင်နှုန်းနှင့် (၁၈.၂)ရာခိုင်နှုန်း အသီး သီးတိုးတက်ခဲ့ကြောင်း၊ အာဆီယံနိုင်ငံများနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(Belt and Road Initiative)တွင် ပါဝင်သည့် နိုင်ငံများသို့ ပို့ကုန်တင်ပို့မှုသည် (၁၃.၄)ရာခိုင်နှုန်းနှင့် (၉.၆) ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ဥရောပသမဂ္ဂနှင့် အမေရိကန် ဈေးကွက်များသို့ တင်ပို့မှုမှာ (၄.၃)ရာခိုင်နှုန်းနှင့် (၆.၁)ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

မသေချာမရေရာမှုများနှင့် စိန်ခေါ်မှုများ မြင့်တက်လာလျက်ရှိသော်လည်း တရုတ်နိုင်ငံ၏ ပို့ကုန်များသည် လက်ရှိမူဝါဒများနှင့် ထပ်တိုးမူဝါဒများ နှစ်ခုစလုံး၏ ပံ့ပိုးပေးမှုကြောင့်ဆက် လက်ခံနိုင်ရည် ရှိနေမည်ဟု မျှော်လင့်ထားကြောင်း GACC မှ အရာရှိတစ်ဦးဖြစ်သူ Lyu Daliang က ပြောကြားခဲ့သည်ဟု သိရှိရသည်။

Source: en.people.cn/n3/2025/0201/c90000-20271899.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News