တရုတ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အစိမ်းရောင်အခြေခံအဆောက်အအုံ ပူးပေါင်းဆောင် ရွက်မှု (international green infrastructure collaboration) တွင် သိသိသာသာ တိုးမြင့်လာသဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု၌ တည်ငြိမ်သော တိုးတက်မှုကို ရရှိခဲ့သည်။ အသစ်ချုပ်ဆိုခဲ့သော စာချုပ် များတွင် ဂေဟစနစ် ကာကွယ်ရေး (eco-protection) နှင့် သန့်ရှင်းသော စွမ်းအင်အစပျိုးမှုများ (clean energy initiatives) ပါ၀င်ပြီး ၂၀၂၄ ခုနှစ်တွင် ၁၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
၂၀၂၄ ခုနှစ်တွင် အသစ်ချုပ်ဆိုခဲ့သော စာချုပ်များသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၇ ဒသမ ၃ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုသည် ၁ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်။ တရုတ်နိုင်ငံ၏ ပြည်ပ၌ စာချုပ်ချုပ်ဆိုထားသော စီမံကိန်းများသည် ၂၀၂၄ ခုနှစ်တွင် စံချိန်တင် မြင့်တက်လာခဲ့ကြောင်း MOFCOM ၏ အချက်အလက်များအရ သိရသည်။
စွမ်းအင်ချွေတာရေး (energy-saving) ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး (environmental protection) နှင့် သန့်ရှင်းသောစွမ်းအင် (clean energy) စသည့် စီမံကိန်းများအတွက် စာချုပ်အသစ်များ နှင့်အတူ အစိမ်းရောင်အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်မှုသည် ၁၂ ဒသမ ၇ ရာခိုင်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၂၆ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။
၂၀၂၄ ခုနှစ်တွင် Belt and Road Initiative (BRI) တွင် ပါ၀င်သည့် နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှု သည်လည်း တည်ငြိမ်သော တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် တရုတ် စီးပွားရေး လုပ်ငန်းများသည် အဆိုပါနိုင်ငံများသို့ ငွေကြေးမဟုတ်သော တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၆၉ ဘီလီယံ ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် တိုးတက်မှု ၅ ဒသမ ၄ ရာခိုင်နှုန်းကို ဖော်ဆောင်နိုင်ခဲ့သည်။
BRI တွင် ပါဝင်သည့်နိုင်ငံများနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆက် လက်လုပ်ဆောင်နေခြင်းသည် ကနဦးအနေဖြင် အရည်အသွေးမြင့်မားသောဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင် ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့ကြောင်း MOFCOM မှ တာဝန်ရှိသူတစ်ဦးက ဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
မကြာသေးမီ နှစ်များအတွင်း တရုတ်အစိုးရအနေဖြင့် ပြည်တွင်းကုမ္ပဏီများကို ပြည်ပ အစိမ်းရောင် စီမံကိန်းများတွင် ရင်းနှီးမြုပ်နှံရန် ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်လုပ်ဆောင်ကြရာ၌ အောင်မြင်မှုရရှိစေရေး ခိုင်မာသော အစီအမံများဖြင့် ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ အဆိုပါတွန်းအားပေး ဆောင်ရွက်မှုသည် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သဘာဝပတ်ဝန်းကျင်အပေါ် အလေးထားသည့် ပြင်ပ ရင်းနှီးမြှုပ်နှံမှု များ အရှိန်အဟုန်ဖြင့် တိုးတက်လာစေကြောင်း တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အကယ်ဒမီမှ သုတေသီ Bai Ming က ပြောကြားခဲ့ သည်။
တရုတ်နိုင်ငံသည် အစိမ်းရောင် စွမ်းအင်စီမံကိန်းများအတွက် နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ ကျော် နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အရေးကြီးသည့် စီမံကိန်းများစွာကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါဒေသများ၏ ဓာတ်အားရရှိမှုနှင့် တပ်ဆင်နိုင်မှု အခြေအနေတို့ကို ထိထိရောက်ရောက်ဖြေရှင်း ပေးနိုင်သည့် "small yet smart" စီမံကိန်းအချို့ကို လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့အတွက် သန့်ရှင်း လုံခြုံ စိတ်ချရသော စွမ်းအင်ထောက်ပံ့မှု ဖြေရှင်းချက်များ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း တရုတ် နိုင်ငံတော် ကောင်စီ ပြန်ကြားရေးရုံး၏ ဩဂုတ်လထုတ် စက္ကူဖြူစာတမ်းအရ သိရသည်။
ဤပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အစိမ်းရောင်ကူးပြောင်းမှု (green transitions) များအတွက် အရေးပေါ်လိုအပ်ချက်အပေါ် ဖြေရှင်းပေးနိုင်သည့် အပြန်အလှန် အကျိုးရှိသော အခြေအနေ (win-win situation) ကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ တရုတ်ကုမ္ပဏီများအတွက် အစိမ်းရောင်နည်းပညာများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စက်မှုလုပ်ငန်းများနှင့် ဒစ်ဂျစ်တယ် စီးပွားရေးတို့တွင် အခွင့်အလမ်းသစ်များကို ရရှိစေကြောင်း၊ အထူးသဖြင့် အနာဂတ်ကာလတွင် Belt and Road မိတ်ဖက် နိုင်ငံများအတွက် နည်းပညာမြင့် အရင်းအမြစ်များနှင့် အစိမ်းရောင် စက်မှု လုပ်ငန်းများ၌ ပိုမိုဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Bai က ပြောကြားခဲ့သည်။
တရုတ်၏ ငွေကြေးမဟုတ်သော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်က အမေရိကန် ဒေါ်လာ ၁၄၃ ဒသမ ၈၅ ဘီလီယံ အထိ ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၀ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း MOFCOM ၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဆီယံနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှုသည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် အခြားဒေသတွင်း စီးပွားရေးနိုင်ငံများသို့ သိသိသာသာ ရင်နှီးမြှုပ်နှံမှုနှင့်အတူ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၂ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
ကဏ္ဍအလိုက် အဓိကရင်းနှီးမြုပ်နှံမှုအများအနေဖြင့် အငှားဝန်ဆောင်မှု (leasing) နှင့် စီးပွားရေး ဝန်ဆောင်မှုများ၊ ကုန်ထုတ်လုပ်မှုနှင့် လက်လီလက္ကားရောင်းဝယ်မှု စသည်တို့တွင် စီးဝင်လျက်ရှိကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုများအနေဖြင့် ယမန်နှစ်တွင် ပြန်လည် ကောင်းမွန်လာခဲ့ပြီး လုပ်သား ၄၀၉,၀၀၀ ဦး ကို ပြည်ပသို့ စေလွှတ်နိုင်ခဲ့သဖြင့် ၂၀၂၃ ခုနှစ်ကထက် ၁၇ ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အဆိုပါအလုပ်သမားအများစုသည် ဆောက်လုပ်ရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ကုန်လှောင်ရုံနှင့် စာတိုက်ဝန်ဆောင်မှု စသည့်လုပ်ငန်းများတွင် အလုပ်အကိုင်များ ရရှိခဲ့ကြ ပြီး ကျေးလက်ဒေသတစ်ဝိုက် ပြန်လည်ရှင်သန်လာစေရေးနှင့် အလုပ်အကိုင်ရရှိရေးတို့တွင် အရေးပါ သောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း တွေ့ရသည်။
စီးပွားရေးသံမှူး၊တရုတ်နိုင်ငံ၊ ကူမင်းမြို့။