၂၀၂၄ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေ (Per Capita Gross Domestic Product- GDP) သည် ဂျပန်နိုင်ငံနှင့် ထိုင်ဝမ်တို့ထက် သာလွန်ပြီး အမေရိကန်ဒေါ် လာ ၃၆,၀၂၄ ရရှိခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်နှင့် စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနတို့က ၂-၂-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
တောင်ကိုရီးယားနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေ မြင့်မားလာရခြင်းမှာ အဓိကပို့ကုန်ဖြစ်သည့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်ပို့မှုဈေးနှုန်းမြင့်မားလာသည့်အပြင်ရေနံစိမ်းကဲ့သို့ သော ကုန်ကြမ်းပစ္စည်းများတင်သွင်းရာတွင် ဈေးနှုန်းများကျဆင်းသည့်အတွက် ကုန်ချောထုတ်လုပ်မှုမြင့်မားကာ နိုင်ငံဝင်ငွေတိုးတက်စေရန် အထောက်အကူပြုခဲ့ပါသညတောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်နှင့် စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ ထုတ်ပြန် ကြေညာချက်အရ ၂၀၂၄ခုနှစ်
အတွင်း တောင်ကိုရီးယားနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည် အမေရိ ကန်ဒေါ်လာ ၃၆,၀၂၄ ရရှိနိုင်ကြောင်း ခန့်မှန်းထားသည့်အတွက် ၂၀၂၃ ခုနှစ်ကထက် ၄၅၄ ဒေါ် လာ (၁.၂၈ ရာခိုင်နှုန်း) မြင့်မားခဲ့ကြောင်း၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund- IMF) ၏ ခန့်မှန်းချက်အရ ဂျပန်နိုင်ငံနှင့် ထိုင်ဝမ်တို့၏ တစ်ဦးချင်းဝင်ငွေသည် အမေရိကန် ဒေါ်လာ ၃၂,၈၅၉ နှင့် ၃၃,၂၃၄ တို့ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တောင်ကိုရီးယားနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည် ဂျပန်နိုင်ငံနှင့်ထိုင်ဝမ်တို့ထက် သာလွန်နေပါကြောင်းဖော်ပြထားပါသည်။
တောင်ကိုရီးယားနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည် ၂၀၁၆ ခုနှစ်မှ စတင်၍ အမေရိကန်ဒေါ် လာ ၃၀,၀၀၀ ကျော်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ၃၅,၃၅၉ ဒေါ်လာအထိရောက်ရှိခဲ့ရာမှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်တွင် ၃၃,၅၉၄ ဒေါ်လာအထိကျဆင်းခဲ့ပါသည်။ ယင်းနောက်ပိုင်း တွင် အစိုးရက စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်များ ဆောင်ရွက်ခဲ့သည့်အပြင် လူချင်းခပ်ခွာခွာနေ ခြင်း (Social Distancing) ဆိုင်ရာသတ်မှတ် ပြဋ္ဌာန်းချက်များ ဖြေလျှော့ပေးခြင်းနှင့် ပို့ကုန်တင် ပို့မှု မြင့်မားလာခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်တွင် ၃၇,၅၀၃ ဒေါ်လာအထိ ပြန်လည်မြင့်မားလာခဲ့ပါ သည်။
ပို့ကုန်တင်ပို့မှုဝင်ငွေမြင့်မားလာခြင်းသည် နိုင်ငံ၏စီးပွားရေးကို ခိုင်မာစေသည့်အပြင် အ လုပ်အကိုင်ဈေးကွက်နှင့် လုပ်ခလစာမြင့်မားစေရေးအထောက်အကူပြုပါကြောင်း၊ သို့သော် အ ချိန်ယူပါကြောင်း၊ ပို့ကုန်ဈေးနှုန်းများမြင့်မားလာခြင်းသည် Nominal GDP (စျေးကွက်အတွင်း လက်ရှိစျေးနှုန်းဖြင့် တွက်ချက်သော စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး) ကို မြင့်မားစေသော် လည်း အဆိုပါပို့ကုန်အပိုဝင်ငွေကို စီးပွားရေးကဏ္ဍတစ်ခုလုံးအတွင်း ဖြန့်ဝေသုံးစွဲရန်လိုပါ ကြောင်း တောင်ကိုရီးယားနိုင်ငံရှိ Citibank နှင့် KB Securities တွင် ယခင်က တာဝန်ထမ်း ဆောင်ခဲ့သည့် စီးပွားရေးပညာရှင် Mr. Chang Jae-chul က ပြောကြားခဲ့ပါသည်။ နိုင်ငံ၏ စီးပွား ရေးမြှင့်တင်ရန်အတွက် ၃၀ ထရီလီယံဝမ် (အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ) အထိ အပိုဘတ် ဂျက်သုံးစွဲရန် လိုအပ်နေသည်ဟု ထင်မြင်ယူဆပါကြောင်း၊ လက်ရှိတွင် စီးပွားရေးတိုးတက်မှုနှုန်း သည် ယခင်ခန့်မှန်းချက်ထက် နိမ့်ကျနေပြီး ၂ ရာခိုင်နှုန်းပြည့်မီရန်ပင် ခဲယဉ်းနေကြောင်း၊ သတ် မှတ်ထားသည့်ကဏ္ဍများအတွက် အပိုဘတ်ဂျက်ထုတ်သုံးစွဲခြင်းဖြင့် စီးပွားရေးကို မြှင့်တင်နိုင် မည်ဖြစ်ကြောင်း Mr. Chang Jae-chul က ပြောကြားခဲ့ပါသည်။
Hyundai Research Institute မှ စီးပွားရေးသုတေသနဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Mr. Joo Won ကလည်း တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးနှေးကွေးနေမှုကို ငွေကြေးမူဝါဒဖြေ လျော့ပေးခြင်း (တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်က အတိုးနှုန်းကို လျှော့ချပေးခြင်း) ဖြင့် ပြုပြင်ရ မည်ဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်က အတိုးနှုန်းတင်းကြပ်မှုကို ထိန်းထား နေခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်သည် ပြည်တွင်းနှင့် ပြည်ပအချက်အလက်များ ကို ဟန်ချက်ညီမျှအောင်ဆောင်ရွက်ရမည့်စိန်ခေါ်မှုကို ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။
https://www.koreatimes.co.kr/www/biz/2025/02/175_391363.html
စီးပွားရေးသံမှူး၊ ဆိုးလ်မြို့။