ဈေးကွက်ဈေးနှုန်း

စာရင်း၀င် ကူးစက်ရောဂါအဖြစ် ဖြည့်စွက်သတ်မှတ်ကြေငြာခြင်း

Last Updated:

            စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ် သောရောဂါ အမိန့်ကြော်ငြာစာတစ်စောင် ထုတ်ပြန်လိုက်ပြီး ထုတ်ပြန်သည့်နေ့မှစ၍ (ခ) စာရင်း၀င် ကူးစက်ရောဂါအဖြစ် ဖြည့်စွက်သတ်မှတ်လိုက်ကြောင်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် (၂၄/၂၀၁၉) ဖြင့် ထုတ်ပြန်ကြေငြာခဲ့ပြီး ကြေငြာချက်ပါ အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသည် တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မ ၁၄ အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော အောက်ပါရောဂါကို ဤအမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှစ၍ (ခ) စာရင်း၀င်ကူးစက်ရောဂါအဖြစ် ဖြည့်စွက်သတ်မှတ် ကြေငြာလိုက်သည်-”

          (ခ) စာရင်း၀င်ကူးစက်ရောဂါ

          စဉ်             ရောဂါအမည်                                ဖြစ်ပွားတတ်သောတိရစ္ဆာန်

          (၁)     အာဖရိက၀က်အပြင်းဖျားရောဂါ                                    ဝက်

                   (African Swine Fever )