ဈေးကွက်ဈေးနှုန်း

The 1st ASEAN-Korea Excellent Design (ED) Exhibition Award ကျင်းပမည်

Last Updated:

The 1st ASEAN-Korea Excellent Design (ED) Exhibition Award (Contest.Exhibition.Workshop) ကို ၂၀၂၀၂ ပြည့်နှစ်၊ မေလ ၁၄ ရက်မှ ဇွန်လ ၁၄ အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်ရန်လျာထားကြောင်းနှင့် COVID19 ကူးစက်ပျံ့နှံ့မှုအခြေအနေအရ ပွဲကျင်းပချိန် အပြောင်းအလဲရှိနိုင် ပါကြောင်း (၁၅-၅-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသံရုံး၊ ဆိုးလ်မြို့ စီးပွားရေးသံမှူးထံမှ သိရပါသည်။

အဆိုပြိုင်ပွဲကို  အာဆီယံ-ကိုရီးယားဗဟိုဌာန (AKC) ၊ ဗီယက်နမ် ကုန်သွယ်မှုမြှင့်တင်ရေးဌာန (VIETRADE) နှင့် Korea Institute of Design Promotion (KIDP) တို့က ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ (၅၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများတွေ့ဆုံ ဆွေးနွေးပွဲနှင့် တပြိုင်နက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ပြိုင်ပွဲသို့ ကိုရီးယားသမ္မတနိုင်ငံနှင့် ASEAN (၁၀) နိုင်ငံမှ စိုက်ပျိုးရေး-ရေလုပ်ငန်း(Agro-fishery)၊ စားသောက်ကုန်နှင့် အဖျော်ယမကာ(Food and Beverage (F&B))၊ ကျန်းမာရေးနှင့် အလှအပ (Health and Beauty (H&B)) ဆိုင်ရာ ကုမ္ပဏီများ၊ အလွတ်တန်းဒီဇိုင်နာများ (freelance designers) စုစုပေါင်း (၁၀) ဦးအထိပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ လျှောက်လွှာတင်ခြင်းနှင့် ပထမအဆင့်ရွေးချယ်မှုကို online မှသာပြုလုပ်သွားမည်ဖြစ်ပြီး ASEAN အဖွဲ့ဝင်နိုင်ငံတစ်ဦးလျှင် စကာတင် (၅) ဦးစီရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ဒုတိယအဆင့် ရွေးချယ်ပွဲတွင် အဖွဲ့ဝင်နိုင်ငံတစ်ခုလျှင် (၂) ဦးစီရွေးချယ်သွားပြီး၊ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ဖိတ်ခေါ်၍ ဆွေးနွေးပွဲနှင့် ကုန်စည်ပြပွဲများနှင့် ဆုချီးမြှင့်ပွဲတို့ ကိုတက်ရောက်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရပါသည်။

ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ (ရန်ကုန်) ဖုန်းနံပါတ်- ၀၁၈၃၈၅၃၃၁ နှင့် [email protected] အီးမေးတို့သို့ ရုံးချိန်အတွင်း ဆက်သွယ် ပေးပို့မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။