ဈေးကွက်ဈေးနှုန်း

ငရုတ်ဈေးကွက်အခြေအနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငရုတ်သီးအများဆုံးစိုက်ပျိုးသောဒေသများမှာ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်တချို့နှင့်မအူပင်ခရိုင်များဖြစ်သည်။ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်များရှိ မြို့နယ်များ တွင် ဧရာဝတီမြစ်တွင်းရှိ မြေနုကျွန်းများတွင်‌ ဆောင်းငရုတ်များကို အဓိက စိုက်ပျိုးကြပါသည်။

ယခုမိုးရာသီအချိန်တွင် ဟင်္သာတခရိုင်ရှိ အချို့မြို့နယ်များနှင့် မြောင်းမြခရိုင်မြို့နယ်အချို့မှာ မိုးထောင်ငရုတ်များကို ဒေသတွင်းစားသုံးရန်အတွက် စိုက်ပျိုးလျက်ရှိပါသည်။ လက်ရှိဈေးနှုန်းမှာ လက်လီ (၁၈၀ဝိ/-)နှင့် လက်ကား(၁၅ဝဝိ/-)ဈေးဖြင့် ရောင်းချနေကြောင်းသိရှိရသည်။

ယခုလက်ရှိတွင် ငရုတ်သီးခြောက်အနေဖြင့် လက်လီ(၄၀၀ဝိ/-)၊ လက်ကား(၃၈၀ဝိ/-)ဖြင့် ဈေး  ကွက်တွင် ရောင်းချလျက်ရှိပါသည်။တောင်သူများ၏ လက်ဝယ်တွင် နောက်ဆုံးခူးဆွတ်ပြီး အခြောက် လှန်းထားသော ငရုတ်ခြောက်များသာ လက်ကျန်ရှိပြီး ၎င်းကျန်ရှိသော ငရုတ်ခြောက်များကို ငရုတ်ပွဲရုံ သို့ ရောင်းချလျက်ရှိသည်။

ငရုတ်သီးများကို နှစ်ဦးပိုင်းကာလတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့‌သော်လည်း COVIDA –19ဖြစ်စဉ်နှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေပေါ်မူတည်၍ ဈေးနှုန်းကျဆင်းနေပြီး ဆက်လက်၍ ဈေးကွက်အခြေအနေ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန