International News

ဆော်ဒီဈေးကွက်သို့ဟာလာကြက်သားတင်ပို့နိုင်ရေးအာရုံစိုက်လျှက်ရှိခြင်း

Last Updated:

အရှေ့အလယ်ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် ဆယ်စုနှစ် (၃) ခုကျော် သံတမန် ဆက်ဆံရေးပြတ်တောက်ခဲ့ပြီး လွန်ခဲ့သည့် သီတင်းပတ်တွင် သံတမန်ဆက်ဆံရေး အပြည့်အဝပြန်လည်ရရှိပြီးသည့်နောက် ကြက်နှင့် ဟာလာအစားအစာများ တင်ပို့မှုမြှင့်တင်နိုင်ရေးကို ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ညွှန်ကြားရေးမှူးချုပ်  Phusit Ratanakul Sereoengrit က  ၎င်း၏  အပြည်ပြည်ဆိုင် ရာ ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာနနှင့် Jeddah ရှိ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးရုံးတို့အနေဖြင့်  ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့များနှင့် အမှုဆောင်အရာရှိများကို ဆော်ဒီအာရေဗျနိုင်ငံနှင့်  ထိုင်းနိုင်ငံတို့ထံ ယခုနှစ်အတွင်းစေလွှတ်၍ အလား အလာရှိသော ပို့ကုန်များမြှင့်တင်ရေးနှင့် ထိုင်းထုတ်ကုန်များကို ဆော်ဒီအာရေဗျဈေးကွက်တွင် အရောင်းမြှင့်တင်နိုင်ရေးတို့အား ဆွေးနွေးသွားရန်ဖြစ်ကြောင်း သိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာနအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပသည့် Saudi Food Expo ကဲ့သို့သော ကုန်စည်ပြပွဲများသို့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအား ဉီးဆောင်ခေါ်ဆောင်သွားရန် စီစဉ်ထားကြောင်းသိရှိရပါသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာနအနေဖြင့် ထိုင်းအစားအစာထုတ်ကုန်များ၊ ဟာလာအစားအစာများ၊ စက်မှုထုတ်ကုန်များနှင့် အလှအပဆိုင်ရာထုတ်ကုန်များအား အွန်လိုင်းချယ်နယ်များမှတစ်ဆင့် အများပြည်သူနှင့်ဆက်ဆံရေးကို မြှင့်တင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း၊ Saudi Vision 2030 အောက်တွင် ဆော်ဒီစားသုံးသူများ၏ အမူအကျင့်များ ပြောင်းလဲသွားစေရန် နှီးနှောဖလှယ်ပွဲများအား ကျင်းပသွားရန်လည်း ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

Saudi Vision 2030 သည် နိုင်ငံ၏ ရေနံအပေါ်မှီခိုနေမှုများကို လျှော့ချရန်၊ ၎င်း၏စီးပွားရေးကိုချဲ့ထွင်ရန်နှင့် ကျန်းမာရေး၊ ပညာ ရေး၊ အခြေခံအဆောက်အဉီ၊ အပန်းဖြေမှုနှင့် ခရီးသွားလုပ်ငန်းတို့ကဲ့သို့သော ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊ မဟာဗျူဟာမူဘောင်တစ်ခု ဖြစ်ပါသည်။

Mr. Phusit   အဆိုအရ ၎င်း၏ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာနအနေဖြင့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် အရှေ့အလယ်ပိုင်းဈေးကွက်တစ်ခုလုံးနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ဆက် လက်၍ ပံ့ပိုးပေးသွားမည်ဟု ကတိပြုထားကြောင်းသိရှိရပါသည်။

၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အနေဖြင့် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၇.၃၀) ဘီလီယံရှိခဲ့ ကြောင်း၊ ၎င်းမှာ ယမန်နှစ်ကရှိခဲ့သော အမေရိကန်ဒေါ်လာ (၅.၅၃) ဘီလီယံထက် (၃၁.၈%) မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း ပမာဏတွင်   ထိုင်းနိုင်ငံမှ ပို့ကုန်တင်ပို့မှုအနေဖြင့်    အမေရိကန်ဒေါ်လာ  (၁.၆၃) ဘီလီယံရှိကြောင်းနှင့်     သွင်းကုန်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ (၅.၆၆) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံမှ အဓိကပို့ကုန်များတွင် မော်တော်ကားများနှင့် အစိတ်အပိုင်းများ၊ သစ်သားနှင့် သစ်သားဖြင့်ပြုလုပ်ထားသော ထုတ် ကုန်များ၊ လေအေးပေးစက်များနှင့်  အစိတ်အပိုင်းများ၊ ရာဘာထုတ်ကုန်များ၊ စည်သွပ်ဗူးများနှင့် ပြုပြင်ထားသော ပင်လယ်စာများ ပါဝင်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံမှ အဓိကတင်သွင်းသောထုတ်ကုန်များတွင် ရေနံစိမ်း၊  ဓါတုဗေဒပစ္စည်းများ၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ဆီချောနှင့် သတ္တုတွင်းထွက်များပါဝင်ကြောင်း သိရှိရပါသည်။ ဆော်ဒီအာရေဗျဈေးကွက်မှာ Saudi Vision 2030 ကို ကြေငြာလိုက်ပြီးနောက် သိသိသာသာတိုးတက်လျှက်ရှိသည့် ဈေးကွက်တစ်ခုအဖြစ် မှတ်ယူထားကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ဆော်ဒီအာရေဗျအနေဖြင့် သွင်းကုန်တင်သွင်းမှု အမြောက်အများ လိုအပ်နေကြောင်း၊ အထူးသဖြင့် ၎င်းတို့၏  ထုတ်ကုန်ပစ္စည်းများ အတွက်ဖြစ်ကြောင်း၊  ၎င်းက  ထိုင်းလုပ်ငန်းရှင်များ အထူးသဖြင့်  စားသောက်ကုန်များနှင့်   လူသုံးကုန်ပစ္စည်းများထုတ်လုပ်သော လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းကောင်းတစ်ခုဟု ယူဆကြောင်း Mr.Phisit ကပြောကြားခဲ့ပါသည်။

ထိုင်းလုပ်ငန်းရှင်များအနေဖြင့် သတိထားရမည့်ကိစ္စများမှာ ဆော်ဒီအာရေဗျနိုင်ငံမှ ချမှတ်ထားသော အမျိုးမျိုးသော သွင်းကုန် တားဆီးမှုများနှင့် ဘဏ္ဍာရေးထိန်းချုပ်မှုဉပဒေများဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းကုန်သည်ကြီးများအသင်းဉက္ကဌ Sanan Angubolkul က   ဆော်ဒီအာရေဗျသို့ တင်ပို့မှုမှာ စုစုပေါင်းပို့ကုန်တင်ပို့မှုတန်ဖိုး၏ (.%) အထိ တိုးတက်လာလိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံနှင့် ကုန်သွယ်မှုပြန်လည် စတင်ပါက ယမန်နှစ်ကရှိခဲ့သော စုစုပေါင်းတင်ပို့မှု၏ (.%) သို့မဟုတ် အမေရိကန်ဒေါ်လာ (.) သန်းခန့် တိုးတက်လာမည်ဟု ခန့်မှန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တိုင်းပြည်၏ ပြန်လည်ဖွင့်လှစ်ခဲ့မှုနှင့်သင့်လျော်သော  ဈေးကွက်ချဲ့ထွင်မှုများကြောင့် ဆော်ဒီအာရေဗျနိုင်ငံမှ ထိုင်းနိုင်ငံသို့ လာ ရောက်လည်ပတ်သူအရေအတွက်မှာ    တစ်နှစ်လျှင် (၁၅၀,၀၀၀) ခန့်အထိရှိလာနိုင်ပြီး ဝင်ငွေအနေဖြင့် ဘတ်ငွေ () ဘီလီယံ အထိ ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း၊ အဆိုပါခန့်မှန်းချက်မှာ ၂၀၁၉ ခုနှစ်တွင် ဆော်ဒီဧည့်သည်တစ်ဉီးလျှင် ဘတ်ငွေ (,၀၀၀) ပျမ်းမျှအသုံးစရိတ်အပေါ် အခြေခံထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ နိုင်ငံတကာမှ လာရောက်လည်ပတ်သူသန်း (၄၀) နီးပါးရှိခဲ့ပြီး (၇၀၀,၀၀၀) သည် အရှေ့အလယ် ပိုင်းမှဖြစ်ကြောင်း၊  (၃၆၀,၀၀၀) မှာ ဆော်ဒီအာရေဗျမှဖြစ်ကြောင်း သိရှိရပါသည်။

ဆော်ဒီအာရေဗျသည် အရှေ့အလယ်ပိုင်းရှိ ထိုင်းအလုပ်သမားများအတွက် အကြီးမားဆုံးဈေးကွက်ကြီးဖြစ်ကြောင်း၊ ၁၉၇၀ ခုနှစ်မှ ၁၉၈၀ ခုနှစ်များအတွင်း ဆော်ဒီအာရေဗျတွင် တရားဝင်နှင့်  တရားမဝင် အလုပ်လုပ်ကိုင်သည့် ထိုင်းအလုပ်သမား (၂၀၀,၀၀၀) ခန့် ရှိကြောင်း၊ ၎င်းတို့၏ နေရပ်ပြန်ပို့သည့် ငွေမှာ ဘတ် () ဘီလီယံခန့်ရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: International News