International News

ထိုင်းစီးပွားရေးအနေဖြင့်၂၀၂၃ခုနှစ်တွင်အပြည့်အဝနာလန်ထူလာနိုင်မည်ဟုပြောကြားခြင်း

Last Updated:

ထိုင်းစီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် အပြည့်အဝ ပြန်လည်နာလန်ထူလာရန် မျှော်လင့်ထားသည်ဟု ဘဏ္ဍာရေးဝန်ကြီး Arkhom Tempittayapaisith က ပြော ကြားလိုက်ကြောင်း သိရှိရပါသည်။ ၎င်းက ၂၀၂၂ ခုနှစ်သည် ပြန်လည်နာလန်ထူလာရန်အတွက် အစနှစ်ဖြစ်လိမ့်မည်ဖြစ်ပြီး လာမည့်နှစ်တွင် စီးပွားရေးသည် (၄%) တိုးလာမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်သည် ခရီးသွားလုပ်ငန်းကဏ္ဍမှ တွန်းအားကို ရရှိလိမ့်မည်ဖြစ်ကြောင်း၊ အဆိုပါ ခရီးသွားကဏ္ဍသည် တိုင်း ပြည်၏ စီးပွားရေးအပြည့်အဝ ပြန်လည်နာလန်ထူလာစေရန် အထောက်အပံ့ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် စီးပွားရေး ပြန်လည်နာလန်ထူလာ စေရန်အတွက် အနည်းဆုံး (၃) နှစ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရှိရပါသည်။ ကပ်ရောဂါက စီးပွားရေးကိုထိခိုက်စေကြောင်း၊ အထူး သဖြင့် ခရီးသွားလုပ်ငန်းကို ထိခိုက်စေကြောင်း၊ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ GDP၏ (၁၂%) ရှိကြောင်း အဆိုပါ သတင်းတွင်ဖေါ်ပြထားပါသည်။

၂၀၂၂ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုကို ခိုင်မာသော ပို့ကုန်တိုးတက်မှုလမ်းကြောင်းနှင့် အစိုးရအနေဖြင့် ဘဏ္ဍာငွေဘတ်ငွေ (၁) ထရီလီယံကို စီးပွားရေးစနစ် အတွင်းသို့ ထည့်သွင်းပေးခြင်းတို့ဖြင့် အဓိကမောင်းနှင်သွားလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

             

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)                                                                                                   

 

Source: Bangkok Post                                              

Category: International News