Local News

ဒီဇင်ဘာလဒုတိယပတ်မန္တလေးကုန်စည်ဒိုင်တွင်မြေပဲဆံဈေးအေးနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ နွားထိုး၊ အောင်လံ၊ မြင်းမူဘက်မှမြေပဲ ပြန့်ဆံများ၊ ရှမ်းပြည်နယ် ဘက်မှ ရှမ်းမြေပဲများ ဝင်ရောက်လျှက်ရှိကြောင်း၊ အညာကျွန်းဘက်မှ စိုက်ပျိုးမည့်မျိုးမြေပဲ များ ဝယ်ယူနေပြီး၊ ဆီဆံများကို ဆီစက် များမှဝယ်ယူလျှက် ရှိကြောင်းသိရသည်။

          မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၅၃၀၀ မှ ၅၁၀၀၊ ယခင်တစ်ပတ် ကျပ် ၅၄၅၀ မှ ၅၃၀၀၊ ယခင်လ ကျပ် ၅၄၀၀ မှ ၅၃၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၁၅၀ မှ ၂၀၀၊ ယခင်လထက်ကျပ် ၁၀၀ မှ ၂၀၀ နိမ့်ကျလာသည်။

          မြေပဲလုံးဆံ(အနီ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၅၅၀၀ မှ ၅၈၀၀ ၊ ယခင်တစ်ပတ် ကျပ် ၅၅၀၀ မှ ၅၈၀၀ ၊ ယခင်လ ကျပ် ၅၇၀၀ မှ ၆၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ် နေပြီး၊  ယခင်လထက်ကျပ် ၂၀၀ နိမ့်ကျလာသည်။

          မြေပဲ(ဆီဆံ) တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၄၆၀၀ မှ ၄၇၀၀ ယခင်တစ်ပတ် ကျပ် ၄၈၀၀ မှ ၅၀၀၀၊ ယခင်လကျပ် ၄၈၀၀ မှ ၅၁၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ မှ ၃၀၀၊ ယခင်လထက်ကျပ် ၂၀၀ မှ ၄၀၀ နိမ့်ကျလာသည်။ ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News