မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် “ဒုတိယအကြိမ် မြန်မာ့ချည်မျှင်နှင့် အထည်အလိပ် ထိပ်သီးညီလာခံ ၂၀၁၈” ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် ရန်ကုန်မြို့ Sedona Hotel, Ball Room ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ EU ကုန်သည်အသင်းမှ အမှုဆောင်ဒါရိုက်တာက အဖွင့်အမှာစကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် Power Point ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြပါသည်။ ထို့နောက် Panel Discussion များအား အစီအစဉ်အတိုင်းဆက်လက်ကျင်းပပြီး ၁၂.၁၁.၂၀၁၈ မှ ၁၃.၁၁.၂၀၁၈ ထိ (၂) ရက်တိုင်တိုင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါညီလာခံသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအပါအဝင် ကုမ္ပဏီများမှ လုပ်ငန်းရှင် စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဒုတိယအကြိမ် မြန်မာ့ချည်မျှင်နှင့် အထည်အလိပ် ထိပ်သီးညီလာခံ ၂၀၁၈ ကျင်းပ
                        Category:
                        
                            Local News
                        
                    
                    
                 
                         
                     
                         
                        