ဈေးကွက်ဈေးနှုန်း

ကျွဲ၊ နွားများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ခြင်းနှင့် ကျွဲ၊ နွားများကို ပြည်တွင်း၌ သယ်ဆောင်ခြင်းဆိုင်ရာ အမိန့်ထုတ်ပြန်ခြင်း

Last Updated:

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနသည် တိရစ္ဆာန်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်၊ ကူးစက်ရောဂါနှင့် အခြားမလိုလားအပ်သောကိစ္စ တစ်စုံတစ်ရာ မပေါ်ပေါက်နိုင်စေရေးအတွက် အရေးကြီးကုန်စည်နှင့် ၀န်ဆောင်မှုဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (ခ) နှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ (၂၂.၅.၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၄/၂၀၁၉ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်နေ့ အောက်ဖော်ပြပါ အမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။         ဤအမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ကျွဲ ၊ နွားများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်သည်။

၂။         မည်သူမဆို ကျွဲ ၊ နွားများကို ပြည်တွင်း၌ သယ်ဆောင်ရာတွင် အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက် ရမည်-

            (က)     ကျွဲ ၊ နွားများကို ခရိုင်အတွင်းမြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ သယ်ဆောင်ရာတွင် သက်

                        ဆိုင်ရာမြို့နယ်  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးက ထုတ်ပေးသောတိရစ္ဆာန် ကျန်းမာရေး

                        ထောက်ခံချက် လက်မှတ်  ( AHD/PC-3 )  မူရင်း ၊ သက်ဆိုင်ရာခရိုင် မွေးမြူရေးနှင့် ကုသရေး

 ဉီးစီးဌာနမှူးက ထုတ်ပေးသော ကျွဲ ၊ နွားသယ်ဆောင်ခွင့်လက်မှတ်မူရင်းတို့နှင့်အတူ

သယ်ဆောင်ရမည်။

            (ခ)       ကျွဲ ၊ နွားများကို ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ခရိုင်တစ်ခု

                        မှ  အခြားခရိုင်တစ်ခုသို့  သယ်ဆောင်ရာတွင်  သက်ဆိုင်ရာမြို့နယ်  မွေးမြူရေးနှင့် ကုသရေး

                        ဉီးစီးဌာနမှူးက ထုတ်ပေးသော တိရစ္ဆာန် ကျန်းမာရေး ထောက်ခံချက်လက်မှတ် (AHD/PC-3)

မူရင်း၊ သက်ဆိုင်ရာခရိုင် မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနက ထုတ်ပေးသော ကျွဲ ၊ နွားသယ်

ဆောင်ခွင့်လက်မှတ် မူရင်းနှင့် ပြည်ထောင်စုနယ်မြေ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်

ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှူး၏ စိစစ်ပြီး ခွင့်ပြုကြောင်းအကြောင်းကြားစာ

တို့နှင့်အတူ သယ်ဆောင်ရမည်။

            (ဂ)       ကျွဲ၊ နွားများကို ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုမှ အခြားတိုင်း

                        ဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုသို့ သယ်ဆောင်ရာတွင် သက်ဆိုင်ရာမြို့နယ် မွေးမြူရေးနှင့်

                        ကုသရေးဉီးစီးဌာမှူးက ထုတ်ပေးသော တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်လက်မှတ်( AHD/

PC-3) မူရင်း၊ သက်ဆိုင်ရာ ခရိုင်မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှူးက ထုတ်ပေးသော ကျွဲ ၊

နွားသယ်ဆောင်ခွင့်လက်မှတ်မူရင်းနှင့် မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာန၊ ရုံးချုပ်၏ စိစစ်ပြီး

ခွင့်ပြုကြောင်း အကြောင်းကြားစာတို့နှင့်အတူ သယ်ဆောင်ရမည်။

၃။         မည်သူမဆို ကျွဲ၊ နွားများကို ပြည်တွင်း၌ သယ်ဆောင်ရာတွင် ဤအမိန့်ပါအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ၀န်ဆောင်မှုဉပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ပါရှိပါသည်။