Local News

မကွေးတိုင်းဒေသကြီးနှမ်း(နက်(ရိုးရိုး)၊ဖြူ၊နီ)တစ်ပတ်တွင်းစျေးနှုန်းသုံးသပ်ချက်များ

Last Updated:

အောင်လံကုန်စည်ဒိုင်တွင် နှမ်း(နက်(ရိုးရိုး)/‌ဖြူ/နီ)စျေးတက်

          မကွေးတိုင်းဒေသကြီးအတွင်းရှိ အောင်လံကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံတို့ အရောင်းအဝယ်ဖြစ် လျှက်ရှိပါသည်။ ယခုတစ်ပတ်တွင် နှမ်းများလှိုင်လှိုင်ထွက်ပေါ်လျှက်ရှိပြီး အရောင်းအဝယ်များ ဖြစ်လျှက်ရှိရာ ဝယ်လိုအားနှင့်အရည်အသွေးကြောင့် နှမ်းပြာ/နှမ်းဖြူ/နှမ်းနီစျေးများ မြင့်တက် ခဲ့ပါသည်။ ယခုတစ်ပတ်(၆.၁၀.၂၀၂၁)ရက်နေ့တွင် နှမ်းပြာ(၄၅)ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် (၁၂၂ဝဝဝိ/-)ကျပ်၊ နှမ်းဖြူ(၄၅)ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် (၁၂၅ဝဝဝိ/-) ကျပ်နှမ်းနီ(၄၅)ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် (၁၂၅ဝဝဝိ/-) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။

          ယခင်တစ်ပတ် နှမ်းပြာ(၄၅)ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် (၁၂၀ဝဝဝိ/-)ကျပ်၊ နှမ်းဖြူ(၄၅)ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် (၁၂၀ဝဝဝိ/-) ကျပ် ၊ နှမ်းနီ(၄၅)ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် (၁၂၀ဝဝဝိ/-) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ကာလတူနှိုင်းယှဉ်ပါက နှမ်းပြာ(၄၅)ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် (၂ဝဝဝိ/-)ကျပ်၊ နှမ်းဖြူ(၄၅)ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် (၅ဝဝဝိ/-) ကျပ်၊ နှမ်းနီ(၄၅)ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် (၅ဝဝဝိ/-) ကျပ်စီ စျေးမြင့်တက် အ‌ရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း အောင်လံ ကုန်စည်ဒိုင် စျေးနှုန်း သတင်းများအရ သိရှိရပါသည်။

Category: Local News