ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏(၂၀-၁-၂၀၂၀)ရက်နေ့ကုန််စျေးနှုန်းနှင့်ကာလတူနှိုင်းယှဉ်ချက်

Last Updated:

၂၀-၁-၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊ကြက်သွန်နီစျေးနှုန်း  စာရင်း

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

နှမ်း

    ယခင် (၁၃--၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဂွနက်(ရိုးရိုး)(၅၀၀၀/-)၊ နှမ်းဖြူ (၃၀၀၀/-)(၂၀၀၀/-)၊ နှမ်းဖြူ-ရေသွင်း(၂၀၀၀/-)စျေးတက်ကာ၊ နှမ်းနက်(စမုံ)(၅၀၀၀/-)စျေးကျပြီး နှမ်းနီ၊ နှမ်းညိုကြား စျေးများအပြောင်းအလဲ မရှိဘဲအရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၁၃၅၀ မှ ၂၃၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

ပဲမျိုးစုံ

          ပဲမျိုးစုံမှာယခင် (၁၃--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း(၁၀၀၀/-)၊ပဲနောက် သေး (၁၀၀၀/-)၊ ပဲလွန်ဝါသေး(၁၀၀၀/-)၊  ပဲစဉ်းငုံ (သစ်) (၃၀၀/-)ကျပ် စျေးတက်၍ ကုလားပဲ(929) (၂၀၀/- )၊    ကုလားပဲ(HL )(၅၀၀/- )၊     ကုလားပဲသေး(၁၀၀၀/- )၊    မတ်ပဲ (၁၀၀၀/-)၊ စားတော်ပဲ (၅၀၀/-)  ကျပ် စျေး ကျကာ ကျန်ပဲမျိုး စုံ စျေး များ အပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ် လျက် ရှိပါသည်။

မြေပဲဆံ

          မြေပဲဆံအနေဖြင့််     ယခင် ( ၁၃--၂၀၂၀ ) ရက်စျေးနှုန်း ထက်မြေပဲလုံးဆံနီ(လိုင်း)(၅၀/-)ကျပ်စျေးတက်ပြီး မြေပဲလုံးဆံဖြူ(လိုင်း)(၂၅/-)ကျပ်စျေးကျကာ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့်မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

ဆီ

     ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ၁၃..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ ၊မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲအရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရဆန်အနေဖြင့် (၁၃.၁.၂၀၂၀) ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း)(၇၀၀၀/) ၊ပေါ်ဆန်းမွှေးဖျာပုံ(၅၅၀၀/)ကျပ်စျေးတက်ပြီး ပေါ်ဆန် မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

             ပခုက္ကူကုန်စည်ဒိုင်တွင်    ယခင် (၁၃--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက နှမ်းစမုံ နက်ရှယ် (၂၀၀၀/-)၊နှမ်းဂွနက်  (၇၀၀၀/-) ၊ ပဲစဉ်းငုံ 2020  (၂၀၀/-)၊ ကုလားပဲ(929) (၁၂၀၀/-) ကုလားပဲ(V2) (၁၀၀၀/-) ၊ပဲနောက်စိမ်းသေး(၁၀၀၀/-)ကျပ်    စျေးကျပြီး ကျန်ပဲမျိုးစုံနှင့်နှမ်း စျေးများအပြောင်းအလဲမရှိဘဲ နှမ်းမျိုးစုံ (၃၀၀) အိတ်၊ ပဲမျိုးစုံ (၂၁၀) အိတ်   အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

ပဲမျိုးစုံ/ဆီ

                         ရေစကြိုကုန်စည်ဒိုင်တွင် ယခင် (၁၃--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက    မတ်ပဲ (၁၀၀၀/-)၊ ကုလားပဲ(929) (၁၇၀၀/-) ၊ ကုလားပဲ(V2) (၅၀၀/-) ကျပ်စျေးကျကာ ပြောင်းဖူးစေ့ (CP) (၃၀၀/-)ကျပ် စျေး တက် ၍ ကျန်ပဲမျိုးစုံစျေးများ အပြောင်း အလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။