ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏(၄-၂-၂၀၂၀)ရက်နေ့ကုန််စျေးနှုန်းနှင့်ကာလတူနှိုင်းယှဉ်ချက်

Last Updated:

၄-၂-၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊

 

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင် ( ၂၈--၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၁၀၀၀၀/-)၊ နှမ်းဖြူ(၅၀၀၀/-)(၃၀၀၀/-)၊နှမ်းဖြူ(ရေသွင်း)(၇၀၀၀/-) နှမ်းနီ(၇၀၀၀/-)၊ နှမ်းညိုကြား(၅၀၀၀/-) ကျပ်စျေးကျကာ ဂွနက်(ရိုးရိုး)  စျေးများ အပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၁၀၀၀ မှ ၁၇၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာယခင် (၂၈--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း(၂၀၀၀/-)၊ ပဲနောက် (သေး)(၁၀၀၀/-)၊ပဲလွန်း(ဝါ)သေး(၂၀၀၀/-)၊ပဲထောပတ်(၄၃၀၀/-)၊ ပဲစဉ်းငုံ (သစ်) (၁၄၀၀/-) ပဲစဉ်းငုံ (ဟောင်း) (၁၀၀၀/-) ကျပ် စျေးကျကာ    ကုလားပဲ (929) ( ၃၀၀/- )  ၊  ကုလားပဲ (HL )( ၃၀၀/- ) မတ်ပဲ(၁၀၀၀/-)ကျပ်စျေးတက်ပြီး     ကျန်ပဲမျိုးစုံစျေးများ အပြောင်း အလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််    ယခင် ( ၂၈--၂၀၂၀ ) ရက်စျေးနှုန်း ထက် ၊မြေပဲလုံးဆံဖြူ(လိုင်း) မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ(လိုင်း) မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ၂၈..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ ၊မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲအရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၂၈.၁.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ပေါ်ဆန်းမွှေးဖျာပုံ(၁၀၀၀/-)စျေးတက်ကာ ဧရာပဒေသာခပ်ချက်(အဟောင်း) ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

 

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

             ပခုက္ကူကုန်စည်ဒိုင်တွင်    ယခင် (၂၈--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက နှမ်းဆီသန့် (၅၀၀/-) ၊  နှမ်းစမုံ ပုံမှန် (၂၀၀၀/-)    ၊ နှမ်းဂွနက်(၆၀၀၀/-)၊  ပဲစဉ်းငုံ 2020  ( ၉၀၀/- ) ကျပ် စျေး ကျပြီး ၊      ကုလားပဲ(929) (၃၀၀/-)၊ ကုလားပဲ (HL) (၅၀၀/-) ကျပ်စျေးတက်ကာ     ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများ အပြောင်းအလဲမရှိဘဲ နှမ်းမျိုးစုံ (၁၀၀) အိတ်၊  ပဲမျိုးစုံ(၁၀၀)အိတ်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

             ရေစကြိုကုန်စည်ဒိုင်တွင်    ယခင် (၂၈--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါကစားအုန်းဆီ (၈၀/-)၊မြေပဲနီလုံးဆံ(၁၀၀/-)၊ မြေပဲဖြူလုံးဆံ(၂၀၀/-)ကျပ် စျေးကျပြီး     မတ်ပဲ(၃၀၀၀/-)ကျပ်စျေး တက်ကာ ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများအပြောင်းအလဲမရှိဘဲစီပီပြောင်း(၁၀၀)အိတ််အရောင်းအဝယ် ဖြစ် လျက်ရှိပါသည်။