ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြိုကုန်စည်ဒိုင် တွင် ယခင် ( ၈-၅-၂၀၂၀ )ရက်နေ့ စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက စားအုန်းဆီ (၇၀/-)၊ပဲတီစိမ်း(၅၀၀/-)၊ နှမ်းဖြူသန့်(၂၀၀၀/-)ကျပ်စျေးကျကာ စွန်တာပြာ(၂၀၀/-)၊ ပဲဇီးကွက် (၃၀၀/-) ၊ ကုလားပဲ (HL) (၂၀၀/-) ၊ ကုလားပဲ (929) (၂၀၀/-)၊ စီပီပြောင်း (၆၀၀/-) ကျပ် စျေးတက်၍ ကျန်ပဲမျိုးစုံ နှင့် နှမ်းစျေးများ အပြောင်းအလဲမရှိဘဲ ပဲတီစိမ်း(၅၀၀)အိတ်၊ စီပီပြောင်း (၁၅၀၀)အိတ် အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။