မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်( ၁၁-၅-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဂွနက်ရိုးရိုး (၁၀၀၀၀/-)၊နှမ်းဖြူ (၂၀၀၀/-) နှမ်းညိုကြား (၂၀၀၀/-)ကျပ် စျေးကျကာ ၊နှမ်းဖြူရေသွင်း (၂၀၀၀/-)ကျပ်စျေးတက်ပြီး ကျန်နှမ်းစျေးနှုန်းများအပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၂၅၀ မှ ၃၅၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၁၁-၅-၂၀၂၀ ) ရက်နေ့ စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း (၄၅၀၀/-)၊ ကုလားပဲ (929) (၁၄၀၀/-)၊ ကုလားပဲ (HL) (၁၀၀၀/-) ၊ ကုလာပဲသေး(၂၀၀/-) ၊ ပဲစဉ်းငုံ(သစ်) (၂၈၀၀/-)၊ပဲစဉ်းငုံ(ဟောင်း)(၁၀၀၀/-)၊စားတော်ပဲ(၁၅၀၀/-) ကျပ်စျေးတက်ပြီး ပဲကြီးဖြူ (၄၀၀၀/-) ပဲကြီးမဲ (၈၀၀/-) ၊ ပဲထောပတ် (၁၀၀/-) ၊ မတ်ပဲ ( ၅၀၀/- ) ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက် ရှိပါ သည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၁၁-၅-၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ (လိုင်း) (၂၀၀/-) စျေးကျပြီး မြေပဲလုံးဆံဖြူ(လိုင်း)(၂၅၀/-) ၊မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)(၁၀၀-) ကျပ်စျေးတက်ကာ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၁၁.၅.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက နှမ်းဆီ(၅၀၀/-)၊မြေပဲဆီ(၅၀၀/-)စားအုန်းဆီ (၂၅၀/-) ကျပ်စျေးကျပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။