မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၂၅-၈-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၅ဝဝဝိ/-)၊ နှမ်းဂွနက် (ရိုးရိုး)(၁၃ဝဝဝိ/-)ကျပ်စီဈေးတက်ပြီး နှမ်းဖြူ(မကွေး)(၃ဝဝဝိ/-)(၆ဝဝဝိ/-)၊ နှမ်းဖြူ(ရေသွင်း) (၅၀၀၀ိ/-)(၁၀ဝဝဝိ/-)၊ နှမ်းနီ(၃ဝဝဝိ/-)၊ နှမ်းညိုကြား(၉ဝဝဝိ/-)ကျပ်စီစျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ပေါ်တွင် နှမ်းမျိုးစုံအရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေ အတွက်( ၆၅၀ မှ ၈၀၀ )ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင်(၂၅-၈-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲ(929)(၆၀ဝိ/-)၊ ကုလားပဲ(HL)(၉ဝဝိ/-)၊ ပဲစဉ်းငုံနီ(သစ်)(၅ဝဝိ/-)၊ စားတော်ပဲ(၇ဝဝဝိ/-)၊ ကျပ်စီဈေးတက်ကာ ပဲတီစိမ်း (၁ဝဝဝိ/-)၊ ပဲစဉ်းငုံနီ(ဟောင်း)(၁၁ဝဝိ/-)၊ ပဲထောပတ်(၂ဝဝိ/-)ကျပ်စီဈေးကျပြီး ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့်် ယခင်(၂၅-၈-၂၀၂၀)ရက် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲတောင့်မျိုး(နီ) (၁၅ဝဝိ/-)ဈေးကျကာ ကျန်မြေပဲဆံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိ ပါသည်။
ဆီ
ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၂၅.၈.၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက နှမ်းဆီ (၃ဝဝိ/-)ကျပ်ဈေးတက်ကာ မြေပဲဆီ(၅ဝဝိ/-)၊ စားအုန်းဆီ(၂ဝိ/-)ကျပ်စီစျေးကျပြီး အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။
ဆန်
ဆန်စျေးအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၂၅.၈.၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာ(ကုန်းဇောင်း)၊ ပေါ်ဆန်းမွှေး(ဖျာပုံ)၊ ပေါ်ဆန်းမွှေး(ရွှေဘို)ဈေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။