မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၂၉-၆-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကနှမ်းနက်(စမုံ)သစ်ရေဆင်း(၅၀၀၀/-) နှမ်းဂွနက်/ရိုးရိုး (၁၀၀၀၀/-) ၊ နှမ်းဖြူ မကွေး (၅၀၀၀/-) ၊ နှမ်းဖြူရေသွင်း(၅၀၀၀/-) ၊ နှမ်းနီ(၉၀၀၀/-)၊ နှမ်းညိုကြား (၁၀၀၀၀/-)ကျပ်စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၃၀၀ မှ ၅၅၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၂၉-၆-၂၀၂၀) ရက် နေ့ စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက စားတော်ပဲ(၂၀၀၀/-) ကျပ် စျေးတက်ပြီး ပဲလွန်းဝါ (သေး) (၁၀၀၀/-) ၊ ကုလားပဲ(929) (၃၀၀/-) ၊ ကုလားပဲ(HL) (၄၀၀/)၊ ပဲကြီးမဲ(၉၀၀၀/-) ၊ ပဲထောပတ် (၅၀၀/-)၊ ပဲစဉ်းငုံ (သစ်) (၁၀၀၀/-)၊ မတ်ပဲ (၁၀၀၀/) ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက် ရှိပါ သည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၂၉-၆-၂၀၂၀ )ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ(လိုင်း)၊မြေပဲ လုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲ လုံးဆံနီ (လိုင်း)မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ(၂၉.၆.၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၉၀/-)စျေးကျပြီး နှမ်းဆီ ၊မြေပဲဆီ စျေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။
ဆန်
ဆန်စျေးအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၉.၆.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(ကုန်းဇောင်း) ၊ ပေါ်ဆန်းမွေး(ဖျာပုံ)၊ ပေါ်ဆန်းမွေး(ရွှေဘို) ဆန်စျေး အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။