Local News

မန္တလေးကုန်စည်ဒိုင်တွင်ဇန်နဝါရီလနောက်ဆုံးပတ်၌ပြောင်းဈေးမြင့်တက်လာ

Last Updated:

ဇန်နဝါရီလနောက်ဆုံးပတ် မန္တလေးကုန်စည်ဒိုင်သို့ ပြောင်းဖူးစေ့များအဝင်ပါး၍ လက်ကျန်နည်းပြီး တရုတ် သင်္ဘောတင်ဝယ်လက်၊  ရန်ကုန်ဝယ်လက်နှင့် တိရစ္ဆာန်အစာ တောင့်စက်ရုံများမှ ဝယ်ယူလျှက်ရှိသောကြောင့် ဈေးမြင့် လာကြောင်း မန္တလေးကုန်စည်ဒိုင်မှသိရသည်။ပြောင်းဖူးစေ့ ၅၄ ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ရှမ်းပြောင်းဖူး စေ့ တစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၇၀၀၀ မှ ၃၇၅၀၀၊ ယခင်တစ်ပတ် ကျပ် ၃၅၅၀၀ မှ ၃၇၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် တစ်အိတ်ကျပ် ၅၀၀ မှ ၁၅၀၀ မြင့်တက်လာသည်။ စီပီပြောင်းတစ်အိတ်ဈေးနှုန်းမှာ ယခု တစ်ပတ်ကျပ် ၃၇၅၀၀ မှ ၃၈၅၀၀ ဖြစ်ပြီး၊ ယခင်တစ်ပတ် ကျပ် ၃၅၅၀၀ မှ ၃၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် တစ်အိတ် ကျပ် ၁၅၀၀ မှ ၂၀၀၀ မြင့်တက်လာခဲ့သည်။

မြင့်မြင့်လှိုင်

ရတနာပုံကုန်သွယ်မှုဗဟိုဌာန                    

Category: Local News