Local News

မန္တလေးကုန်စည်ဒိုင်၏မေလတတိယပတ်ပြောင်းဈေးမြင့်တက်လာ

Last Updated:

မေလတတိယပတ်မန္တလေးကုန်စည်ဒိုင်သို့ရေစကြိုနှင့်မြောင်ဘက်မှပြောင်းဖူးစေ့အသစ်များဝင်ရောက်နေပြီးတရုတ်သင်္ဘောတင်ဝယ်လက်၊ရန်ကုန်ဝယ်လက်နှင့်တိရစ္ဆာန်အစာတောင့်စက်ရုံများမှဝယ်ယူလျှက်ရှိသောကြောင့်ဈေးမြင့်လာ ကြောင်းမန္တလေးကုန်စည်ဒိုင်မှသိရသည်။    

ရှမ်းပြောင်းဖူးစေ့၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၅၂၅၀၀မှ၅၃၀၀၀၊ယခင်တစ်ပတ်ကျပ်၅၀၀၀၀မှ၅၁၀၀၀၊ယခင်လကျပ်၅၀၀၀၀မှ၅၁၀၀၀ဖြစ်သည်။သုံးတင်းတစ်အိတ်ကျပ်၂၀၀၀မှ၂၅၀၀မြင့်တက် လာသည်။

စီပီပြောင်း၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ်ကျပ်၅၂၅၀၀မှ၅၃၀၀၀ဖြစ်ပြီး၊ယခင်တစ်ပတ်ကျပ် ၅၀၀၀၀မှ၅၁၀၀၀ယခင်လကျပ်၅၀၀၀၀မှ၅၁၀၀၀ဖြစ်ခဲ့သည်။သုံးတင်းတစ်အိတ်ကျပ်၂၀၀၀မှ၂၅၀၀မြင့်တက်လာခဲ့ သည်။

အထွက်တိုးပြောင်း(နီ)၅၃ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ်ကျပ်၃၈၀၀၀မှ၃၈၅၀၀ဖြစ်ပြီး၊ယခင်တစ်ပတ်ကျပ်၃၈၀၀၀မှ၃၈၅၀၀၊ယခင်လကျပ်၃၆၀၀၀မှ၃၇၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ယခင်လထက်ကျပ်၁၅၀၀မှ၂၀၀၀မြင့်တက်လာခဲ့သည်။

Category: Local News