Local News

မြစ်သားကြက်သွန်နီအပင်စိုက်များစတင်ထွက်ပေါ်နေပြီးဈေးကောင်းရနေ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်အတွင်းရှိ လွန်ကျော် ၊ပေတော၊ စမြှောင် ကျေးရွာများတွင် ရွှေဖလားမျိူး ကြက်သွန်နီ များကို  စိုက်ပျိုးကြသည်။တစ်ဧကကုန်ကျစရိတ်မှာ ၂၅ သိန်းမှ ၃၀သိန်းထိကုန်ကျပြီး၊စိုက်ခင်းများရောဂါပိုးဝင်လျှင်သွင်းအားစုပိုများ၍၊ရောဂါပိုးမရှိ လျှင်အကုန်အကျသက်သာ ပြီးသွင်းအားစုနည်းကြောင်းကြက်သွန်နီစိုက်တောင်သူများထံမှသိရသည်။

ယခုအခါ တော်သလင်းလဆန်းပိုင်းကစိုက်သော အပင်စိုက်ကြက်သွန်နီများစတင်ထွက်ပေါ်နေပြီး၊ ပွဲစား၊ ကုန်သည်များမှ ကျေးရွာစိုက်ခင်းများ အထိဆင်း၍ဝယ်ယူနေပြီး ၊ တစ်ပိဿာလျှင် တောဈေး၂၈၀၀ မှ ၃၀၀၀ နှုန်းဖြင့်ဝယ်ယူနေကြောင်း၊ တစ်ဧကအထွက်နှုန်း ပျမ်းမျှ ကုန်ချိန် ၂၅၀၀ မှ ၃၀၀၀နှုန်းထွက်ရှိကြောင်း ပွဲစားများမှဝယ်ယူသော ကြက်သွန်နီများကိုကျောက်ဆည်နှင့်မန္တလေးပွဲရုံများသို့တင်ပို့ကြောင်း၊ ကြက်သွန်နီစိုက် တောင်သူများ ယခင်နှစ်က ဈေးကောင်းမရရှိ၍အကျိုးအမြတ်မရှိကြောင်း၊ ယခုနှစ်တွင်သွင်းအားစုများ မြင့်တက်သော်လည်း ဈေးကောင်းရရှိသော ကြောင့် အကျိုးအမြတ်များစွာရရှိကြောင်း ပေတောကျေးရွာ ကြက်သွန်နီ စိုက်တောင်သူ ဦးဇော်ဝင်းထွန်း၏ ပြောပြချက်အရသိရသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News