Local News

ရှမ်းတောင်သရက်များစတင်ထွက်ရှိမှုနှင့်ဈေးကွက်သို့တင်ပို့မှုအခြေအနေ

Last Updated:

ရှမ်းတောင်သရက်များစတင်ထွက်ရှိမှုနှင့်ဈေးကွက်သို့တင်ပို့မှုအခြေအနေ

ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း သရက်စိုက်ပျိုးမှုကို ရပ်စောက်၊ တောင်ကြီး၊ ညောင်ရွှေမြို့နယ်များ၌ စိုက်ပျိုးကြပြီး ယခုဇွန်လဆန်းပိုင်းမှ စတင်၍ အချို့ ကျေးရွာမှ တောင်သူများသည် စိန်တလုံးသရက်သီးများကို မူဆယ်နယ်စပ်ပွဲရုံများမှတဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်(၁၂)ဘီးကား(၃ စီးမှ ၄စီး)ခန့် တင်ပို့လျက်ရှိသည်။ စိန်တလုံးသရက်သီးများ၏ အနာအဆာ၊ အရောင်၊ အလုံးဆိုဒ်နှင့် အရည်အသွေး ကောင်းမွန်ခြင်းတို့ကြောင့် (16kg)တစ်ခြင်းလျှင် ယွမ် ၁၄၀ မှ ၁၅၀ ၊ အရည်အသွေးအသင့်နှင့် အလုံးဆိုဒ်သေးများမှာ (16kg)တစ်ခြင်းလျှင် ၈၀ ယွမ် ခန့်ရရှိ၍ ယခုအခါတရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် စစ်ဆေးခြင်းကို ဖြေလျော့ပေးခဲ့ခြင်းကြောင်း  သစ်သီးဝလံများ တင်ပို့မှုပိုမိုအဆင်ပြေလာကြောင်းသိရသည်။

          ယခုနှစ်ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရာသီဥတုကောင်းမွန်ခြင်းကြောင့် ယခင်နှစ်ထက် အထွက်ကောင်းကြောင်း ပျမ်းမျှအနေဖြင့် တစ်ဧကလျှင် ၁ တန် မှ ၁ တန်ခွဲထွက်ရှိပြီး ပြည်နယ်တစ်ခုလုံးအနေဖြင့် တန်ချိန် (၃၀၀၀)ခန့် ထွက်ရှိနိုင်ကြောင်းနှင့် တောင်သူများ ဈေးနှုန်းရရှိမှုအနေဖြင့် စိန်တလုံးသရက်သီး တစ်လုံးလျှင်ပျှမ်းမျှ (၃၀၀ မှ ၆၀၀)ကျပ်ခန့်ရရှိပြီး အခြားပြည်ပနိုင်ငံသို့ တင်ပို့ရန်အတွက် ရပ်စောက်မြို့နယ်ရှိ ရပ်စောက်သရက် အများပိုင် ကုမ္ပဏီထံသို့စင်္ကာပူနိုင်ငံမှ ဝယ်ယူရန်ကမ်းလှမ်းမှုများရရှိထားကြောင်းသိရသည်။

နည်းပညာပံ့ပိုးမှုအနေဖြင့် လင်ချန်း-မဲခေါင်စီမံကိန်းမှ စိုက်ပျိုးရေးဦးစီးဌာန နှင့်ပူးပေါင်း၍ သီးထိုးယဉ်ပိုး၊ အစေ့ထိုးပိုးနှင့် အသားထိုးပိုးများကျရောက်ခြင်းရှိမရှိကို သရက်ခြံ တစ်ခြံလျှင် အလုံး(၁၅၀)ခန့်အား ခွဲစိတ်စစ်ဆေးမှုကို ခြံပေါင်း(၄၀)ခန့် ဆောင်ရွက်ခဲ့ပြီး ပိုးမွှားကာကွယ်ရေးအတွက် နည်းပညာဖြန့်ဝေခဲ့ကြောင်း ရပ်စောက်သရက်အသင်းထံမှ သိရသည်။

ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန

Category: Local News