ဈေးကွက်ဈေးနှုန်း

အများပြည်သူသိရှိနိုင်စေရန်အသိပေးကြေညာခြင်း

Last Updated:

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ၃၁-၈-၂၀၁၈ ရက်စွဲပါ အမိန့်​ကြော်ငြာစာ အမှတ် ၉၄/၂၀၁၈ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနသည် ဆင့်ပွားစျေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing)    နှင့်စပ်လျဉ်း၍ တားမြစ်ခြင်း အမိန့်ကြော်ငြာစာကို ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၁၈) ဖြင့် ထုတ်ပြန်ထားပါသည် ။

          အဆိုပါ အမိန့်ကြော်ငြာစာသည် အမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှစ၍ အာဏာ သက်ရောက်မည်ဖြစ်ပြီး တားမြစ်ထားသည့် ဆင့်ပွားစျေးကွက်ဖြန့်ချိရေးလုပ်ငန်း   (Multi Level Marketing) လုပ်ကိုင်ဆောင်ရွက်နေသည်ကို စုံစမ်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ၀န်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည် ။