ဈေးကွက်ဈေးနှုန်း

အမျိုးသားပို့ကုန်မဟာဗျုဟာ၏ကဏ္ဍအလိုက်ရုံးအဖွဲ့များနှင့်အပါတ်စဉ်ပုံမှန်ညှိနှိုင်ဆွေးနွေခြင်း

Last Updated:

အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုယူနစ် (ရန်ကုန်)၏ တနင်္လာနေ့ပုံမှန်အစည်းအဝေးအား (၁.၄.၂၀၁၉) (၁၂:၃၀) မှ ( ၁၃:၃၀)အချိန်ထိ ကမ်းနားလမ်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပဉ္စမထပ်ရှိ NES ယူနစ်ရုံးတွင် ပြုလုပ်ခဲ့ရာ သက် ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ် ( ၁၂ )ဦး တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် အုပ်ချုပ်မှုတာဝန်ခံဒုတိယညွှန်ကြားရေးမှူးမှ ၂၀၁၉ခုနှစ်၊မတ်လ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ ရန်ကုန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ပြု လုပ်ခဲ့သောNES၏ ကဏ္ဍ(၁၁)ခုလုပ်ငန်းကော်မတီအစည်းအဝေးနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခြင်း၊တက်ရောက်ခဲ့သူများအား သက်ဆိုင်ရာကဏ္ဍတစ်ခုချင်းစီအလိုက် Sector Working Group ဖွဲ့စည်းပုံနှင့်တကွ သိလိုသည်များကို မေးမြန်းခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူ ဌာနအသီးသီးမှ အရာထမ်း/အမှုထမ်း များအား အပတ်စဉ်တင်ပြချက်သတင်းများနှင့်ပတ်သက်ပြီး တစ်ပတ်လျှင် (၂)ရက်NES ယူနစ်ရုံးသို့ မပျက်မကွက်လာရောက်၍ ပုံမှန်ပေးပို့ကြပါရန်တို့ကို မှာကြားပြီး အစည်းအဝေး အား (၁၃:၃၀) အချိန်တွင် ရပ်နားခဲ့ပါသည်။ NES Unit