Local News

ဧရာစပါးဈေးအနည်းငယ်တက်လာ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်းမိုးစပါးနှင့်ရေကျနောက်စိုက်စပါးများနှင့်ဆန်ဈေးနှုန်းများမြို့နယ်  အလိုက်ကွာခြားလျက်ရှိပြီး ဒေသပေါက်ဈေးများမှာအောက်ပါအတိုင်းဖြစ်သည်။ 

ပုသိမ်ခရိုင် ပုသိမ်မြို့နယ်တွင် ပေါ်ဆန်းစပါး၅၂ပေါင်ဈေးနှုန်း (၁၁၀၀၀၀ဝိ/-)ဝန်းကျင်ရှိပြီး၊ ဆန်၁အိတ်ဈေးနှုန်း ၄၀၀ဝိ/-ရှိသည်။ရွှေသွယ်စပါးဈေးနှုန်း၄၆ပေါင်(၈၀၀၀၀ဝိ/-)ဖြစ်ပြီး၊ဆန်၁အိတ်ဈေးနှုန်း ၃၁၀၀ဝိ/-ဖြစ်သည်။ 

ကျောင်းကုန်းမြို့နယ်တွင် မနောသုခစပါးပေါင်၅၀ဈေးနှုန်း(၇၂၀၀၀ဝိ/-)၊ ဆန် ၁အိတ် ဈေးနှုန်း (၂၆၀၀ဝိ/-)ရှိပြီး ရေကျနောက်စိုက်ဆင်းသုခစပါး ပေါင်၅၀ဈေးနှုန်း(၇၅၀၀၀ဝိ/-)ဖြင့် ရန်ကုန်သို့ တင်ပို့ မှုလျှက်ရှိသည်။

မြောင်းမြခရိုင်အတွင်းရှိ ပေါ်ဆန်းစပါးဈေးနှုန်း၅၂ပေါင်(၁၅၀၀၀၀ဝိ/-)ဝန်းကျင်ဖြစ်ပြီး၊ ဆန်၁အိတ် ဈေးနှုန်း(၃၇၀၀ဝိ/-၃၈၀၀ဝိ/-)ဖြစ်သည်။ မနောသုခ၊ဆင်းသုခစပါးပေါင်၅၀ဈေးနှုန်း(၇၃၀၀၀ဝိ/- ၇၄၀၀၀ဝိ/-)၊ ဆန် ၁အိတ် ဈေးနှုန်း (၂၅၀၀ဝိ/-၂၆၀၀ဝိ/-)၊နှံကား စပါးပေါင်၅၀ဈေးနှုန်း(၇၀၀၀၀ဝိ/- ၇၁၀၀၀ဝိ/-)၊ ဆန် ၁အိတ် ဈေးနှုန်း (၂၄၅၀ဝိ/-)ဖြစ်ပြီးအညာဒေသနှင့်ရန်ကုန်သို့တင်ပို့မှုအနည်းငယ်ရှိနေသည်။

ဟင်္သာတမြို့နယ်တွင် စပါးဈေးနှုန်း၄၆ပေါင် (၆၅၀၀၀ဝိ/-)၊ပေါင်၅၀ (၇၂၀၀၀ဝိ/-)နှင့် ဆင်းသုခ ဆန်၁အိတ် ဈေးနှုန်း ၂၄၅၀ဝိ/- ရှိနေပြီး၊ရန်ကုန်သို့တင်ပို့ရောင်းချလျက်ရှိသည်။

လေးမျက်နှာမြို့နယ်တွင် ဆင်းသုခစပါးဈေးနှုန်းပေါင်၅၀ (၆၈၀၀၀ဝိ/-)၊ဆင်းသုခ ဆန်၁အိတ် ဈေးနှုန်း (၂၇၀၀ဝိ/- )၊ ပခန်းရွှေဝါ စပါးဈေးနှုန်းပေါင်၅၀ (၇၅၀၀၀ဝိ/- ၇၆၀၀၀ဝိ/-)၊ ပခန်းရွှေဝါဆန်၁အိတ် ဈေးနှုန်း (၂၈၀၀ဝိ/- ၂၉၀၀ဝိ/- ) ဖြစ်သည်။

မအူပင်ခရိုင်အတွင်းရှိ ပေါ်ဆန်းစပါးဈေးနှုန်း၅၂ပေါင်(၁၀၁၀၀၀ဝိ/-)ဝန်ကျင်ဖြစ်ပြီး၊ ဆန်၁အိတ် ဈေးနှုန်း(၃၉၀၀ဝိ/-၄၀၀၀ဝိ/-)ဖြစ်သည်။ နှံကားပေါင်၅၀စပါးဈေးနှုန်း(၇၁၀၀၀ဝိ/-) ဖြစ်ပြီး၊ ဆန် ၁အိတ် ဈေးနှုန်း(၂၄၅၀ဝိ/-)ဖြင့်ရန်ကုန်သို့တင်ပို့ရောင်းချလျက်ရှိသည်။ 

ကျိုက်လတ်မြို့နယ်တွင် ပေါ်ဆန်းစပါး၅၂‌ပေါင်ဈေးနှုန်း (၁၁၀၀၀၀ဝိ/-)ဖြစ်ပြီး၊ ပေါ်ဆန်းဆန်၁အိတ် ဈေးနှုန်း(၃၉၀၀ဝိ/-)၊ဆင်းသုခစပါးဈေးနှုန်း၅၀ပေါင်(၇၅၀၀၀ဝိ/-)၊ ဆန် ဈေးနှုန်း(၂၆၀၀ဝိ/)ရှိနေသည်။

ဈေးကွက်အခြေအနေမှာ မိုးစပါးအဝင် နည်းပါလာသဖြင့် စက်ပိုင်၊ကုန်သည် နှင့် တောင်သူကြီးများမှ သိုလှောင်မှုများကြောင့်  စပါးဈေးအနည်းငယ်မြင့်တက်မှုရှိနေပြီး၊ ယခုနှစ် ရောင်းဝယ်ယူမှုများသည် လက်ငင်းငွေချေစနစ်များ ဖြင့် ရောင်းဝယ်မှုများရှိနေသဖြင့် ရောင်းဝယ်မှုမှာ ယခင်နှစ်ထက် အရောင်းအဝယ် အေးလျက်ရှိနေသည်။ 

ဧရာကုန်သွယ်မှုဗဟိုဌာန
 

Category: Local News