Local News

ဧရာဝတီမတ်ပဲသစ်နှင့်စျေးနှုန်းအခြေအနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်း အချို့မြို့နယ်များမှ မတ်ပဲအသစ်များ စျေးကွက်အတွင်း အဆက်မပြတ်ဝင်ရောက်လျှက်ရှိပြီး ယခင်ကာလတူနှစ်များထက်အဖွင့်စျေးကောင်းဖြင့် အရောင်း အဝယ်ဖြစ်လျှက်ရှိသည်။ မတ်ပဲအသစ်အဝင်နည်းပါးနေသေးသော်လည်း ပြည်ပတင်မှုအ​လားအလာ အခြေအနေကောင်းများကြောင့် အရောင်းအဝယ်သွက်နေကြောင်းသိရသည်။

တပါတ်အတွင်းမတ်ပဲစျေးနှုန်းများမှာ ဇန်နဝါရီလ /// ရက်နေ့များတွင် တစ်တင်းလျှင် ကျပ် ၄၂၀၀၀၊ ရက်နေ့တွင် ကျပ် ၄၃၀၀၀၊ / ရက်နေ့တွင် ကျပ် ၄၄၀၀၀၊ ၁၀ ရက်နေ့တွင် ကျပ် ၄၅၀၀၀ ထိပေါက်စျေးရှိနေပြီး မတ်ပဲအဟောင်းမှာလည်း အသစ်စျေးထက် ကျပ် ၅၀၀-၁၀၀၀ ခန့် စျေးကွာပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။

 ဇန်နဝါရီလ ရက်နေ့သတင်းအချက်အလက်များအရ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲ စျေးနှုန်း သည်လည်း တစ်ကွမ်တယ်လျှင် ရူပီး ၁၀၀ ခန့်စျေးတက်လာသည်။ မတ်ပဲနှင့် ပဲစဉ်းငုံကို ကန့်သတ် ကုန်စည်အဖြစ်မှကင်းလွတ်ခွင့်ပြုပြီး ဘဏ္ဍာနှစ် ၅နှစ်တာကာလအတွင်း တစ်နှစ်လျှင် မတ်ပဲ တန်ချိန် . သိန်းနှင့် ပဲစဥ်းငုံတန်ချိန် တသိန်းနှစ်စဥ်တင်သွင်းခွင့် G to G သဘောတူ လက်မှတ် ရေးထိုးပြီးနောက် မြန်မာမတ်ပဲ ဝယ်လိုအားကောင်းလျှက်ရှိကာ မတ်ပဲအသစ်မှာလည်း စျေးကောင်း ရရှိလျှက်ရှိသည်။

အိန္ဒိယနိုင်ငံသည် မတ်ပဲစားသုံးမှုမြင့်မားသည့်အပြင် မတ်ပဲခွဲခြမ်းအနေဖြင့် ပြန်လည်ပြုပြင် ကာ ပြည်ပသို့ပြန်လည်တင်ပို့လျှက်ရှိရာ အိန္ဒိယ၏ နှစ်စဉ်မတ်ပဲ စားသုံးမှုမှာ တန်ချိန် ၂၇-၂၈ သိန်း ခန့်ရှိသည်။ မြန်မာမတ်ပဲလက်ကျန် တန်ချိန် . သိန်းနှင့် ယခုနှစ်မတ်ပဲခန့်မှန်းထွက်ရှိတန်ချိန် . ၇၅ သိန်း၊ နှစ်ခုပေါင်း တန်ချိန် သိန်းအနက် တန်ချိန် . သိန်းခန့် ပြည်ပတင်ပို့ရန်ရှိကြောင်း Agri World Mumbai ကခန့်မှန်းထားသည်။

ယခုနှစ်မြန်မာမတ်ပဲအတွက် စျေးကွက်အခြေအနေကောင်းများရှိနေပြီး အဖွင့်စျေးတွင် လည်း ကာလတူယခင်နှစ်များထက်စျေးပိုရရှိနေသည်ဆိုသော်လည်း ယခင်နှစ်နှင့် ယခုနှစ် ကာလ တူ မြန်မာငွေကြေးစျေးနှုန်းကွာခြားချက်ကိုလည်း ထည့်သွင်းစဥ်းစားရန်လိုအပ်ပြီး အိမ်နီးချင်း နိုင်ငံ၏ ပြည်တွင်းပဲစျေးကွက်ထိန်းချုပ်ရန် အစိုးရ၏လုပ်ဆောင်ချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်လျှက်ရှိသော မူဝါဒအပြောင်းအလဲများကို ဂရုစိုက်စောင့်ကြည့်၍ ရောင်းဝယ်ရန် လိုအပ် ကြောင်း သုံးသပ်ရပါသည်။

Category: Local News