China (HongKong)

ကတိကဝတ်အတိုင်းဝယ်ယူနိုင်ရန် ပေကျင်းအပေါ်တွင် ဖိအားဖြစ်နေခြင်း

Last Updated:

တရုတ်-အမေရိကန် ကြားဖြတ်ကုန်သွယ်မှု သဘောတူညီချက်ဖြစ်သည့် အမေရိကန် ဒေါ်လာ (၂၀၀) ဘီလီယံ တန်ဖိုးရှိသည့် အမေရိကန် ကုန်ပစ္စည်းများအား ဝယ်ယူရန် အကောင် အထည်ဖော်ရန်မှာ COVID-19 ကြောင့်  တရုတ်နိုင်ငံအတွက် အရေးကြီးသည့် အနေအထားတွင် ရှိနေကြောင်း၊ အကယ်၍ တရုတ်နိုင်ငံဘက်မှဝယ်ယူရန် ကတိကဝတ်ပျက်ကွက်လျှင် နောင်လာမည့် (၂) နှစ်အထိ ကတိကဝတ်များကို ပယ်ဖျက်သွားမည်ဟု အမေရိကန်နိုင်ငံမှ ခြိမ်းခြောက်လျက်ရှိကြောင်း၊ တရုတ်နှင့်အမေရိကန်နိုင်ငံ တို့အကြား ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့်အားအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၈-၅-၂၀၂၀ ရက်နေ့က စကားပြောကြေးနန်းဖြင့်ဆက်သွယ်၍ ဆွေးနွေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဈေးကွက်ဖွင့်ပေးခြင်း၊ အသိဉာဏပစ္စည်း အကာ အကွယ်ပေးမှုအစရှိသည့်ကိစ္စရပ်များအပေါ် ကတိကဝတ်များကို များပြားစွာပေးခဲ့သည်ဟု အမေရိကန်နိုင်ငံရှိ ကုန်သွယ်ရေးအရာရှိများက အသိအမှတ်ပြုပြောကြားခဲ့ကြောင်း၊ နှစ်နိုင်ငံစလုံးမှလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ပိုင်ဆိုင်မှုများ အဆင်ပြေစေရန်နှင့် အသိဉာဏပစ္စည်းအကာအကွယ်ပေးမှုဆိုင်ရာ စီမံကိန်းများ နှောင့်နှေးကြန့်ကြာမှုများနှင့် ပတ်သက်၍ သဘောတူညီချက်ရရှိရန်အနေအထားရှိနေကြောင်း၊ COVID-19 ဖြစ်ပွားမှု ပြဿနာထက် ကုန်သွယ်ရေးသဘောတူညီချက် ပထမ အဆင့်အရ တရုတ်နိုင်ငံအနေဖြင့် အမေရိကန် ကုန်ပစ္စည်းများကို ဆောလျင်စွာဝယ်ယူနိုင်ရန် အရေးကြီးလျက်ရှိသည်ဟု အများကယုံကြည်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့် ပြုလုပ်ခဲ့ပြီး အဆိုပါ လတွင် COVID-19 ဖြစ်ပွားမှုကြောင့် မြို့များအကြား အသွားအလာကန့်သတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ကျန်းမာရေးအကျပ်အတည်း ဖြစ်ပွားမှုကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းပြီး COVID-19 ကာကွယ်ထိန်းချုပ်ဆောင်ရွက်မှုများကြောင့် တရုတ်နှင့် အမေရိကန် နိုင်ငံတို့အကြား ဆက်သွယ်ရေးများ ထိခိုက်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံရှိ စီးပွားရေးအသိုက်အဝန်းမှလည်း တရုတ်နိုင်ငံ၏ ဝယ်ယူမှုမှာ နောက်နှစ်အထိ နှောင့်နှေးလိမ့်ဦးမည်ဟု ခန့်မှန်းထားကြောင်းနှင့်  ကတိကဝတ်များပယ်ပျက်မည်မဟုတ်ဘဲ ထပ်မံ ဆွေးနွေးညှိနှိုင်း၍ရကြောင်း၊ ဆီကုန်ကြမ်းဈေးနှုန်းမှာ ထက်ဝက်ခန့်ကျသွားသောကြောင့် ပမာဏများစွာဝယ်ယူသည် ဖြစ်စေကာမူကတိကဝတ်များကို ပြည့်မီနိုင်မည်မဟုတ်ကြောင်း၊ COVID-19 ဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံ၏ကုန်သွယ်မှုမှာ မစတင်ခင် ကတည်းကပင်ကျဆင်းသည့် အနေအထားတွင်ရှိနေကြောင်း၊ COVID-19 အားရင်ဆိုင်တိုက်ခိုက်နေရသောကြောင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်မည့် အခွင့်အလမ်းများ ဆုံးရှုံးမည်ကို နှစ်နိုင်ငံစလုံးရှိ အစိုးရများမှ စိုးရိမ်လျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည့်နောက်ပိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုမညီမျှမှုအား ညှိနှိုင်းမှုတိုးတက်လာစေရန်အတွက် ရက် (၁၀၀) စီမံကိန်းကျရှုံးခဲ့မှုကို လေ့လာသင်ယူသင့်သည်ဟု တရုတ်အကြံပေး ပညာရှင်များက ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အစည်းအဝေးများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပုံမှန်ပြုလုပ်သင့်ကြောင်း၊ ဆက်ဆံရေးပျက်ပြားမှုများ ရှောင်ရှားနိုင်ရန် ပုံမှန်ဆက်သွယ်ဆောင်ရွက်မှုရှိသင့်ကြောင်း၊ နှစ်စဉ်ဝယ်ယူမှုနှင့် နှိုင်းယှဉ် လျှင် ကုန်သွယ်ရေးသဘောတူညီချက်ပထမအဆင့် အကောင်အထည်ဖော်သည့်နေ့မှစ၍ အချိန် (၂) လ အပေါ်မူတည်၍ အကဲဖြတ်ခြင်းမှာ တရုတ်နိုင်ငံအတွက် လုံလောက်မှုမရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကတိကဝတ်များ ပြည့်မီအောင် ဆောင်ရွက် နိုင်ခြင်းမရှိလျှင် အမေရိကန်ကုန်သွယ်ရေး တာဝန်ရှိသူများအနေဖြင့် အငြင်းပွားမှုများအား ဖြေရှင်းနိုင်ရန် သိသာထင်ရှား သော ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်သင့်သည်ဟု တရုတ်အကြံပေးပညာရှင်က တိုက်တွန်းပြောကြားထားကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Wendy Wu က “Pressure on Beijing to meet buying commitments” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)