China (HongKong)

ကနေဒါနိုင်ငံ Vancouver မြို့အခြေစိုက် Cathay Pacific လေကြောင်းလိုင်းမှာ ဇွန်လကုန် တွင်ရပ်တန့်မည်ဖြစ်ရာ လေကြာင်းလိုင်းရုံးခွဲရှိ အလုပ်နေရာ ၁၄၇ နေရာအတွက် စိုးရိမ်ဖွယ် ဖြစ်နေခြင်း

Last Updated:

Cathay Pacific လေကြောင်းလိုင်းသည် ၂၀၁၉ ခုနှစ်တွင် ကနေဒါနိုင်ငံ၊ Toronto မြို့အခြေစိုက်သည့် လေယာဉ်ဝန်ထမ်းများရုံးခွဲအား ပိတ်သိမ်းခဲ့ပြီး အလုပ်လက်မဲ့ဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် Vancouver မြို့တွင် ဝန်ထမ်းအချို့အား ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေခဲ့ရာ ယခုအခါ Vancouver မြို့ရှိ ရုံးခွဲအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ပိတ်သိမ်းတော့ မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ အလုပ်နေရာ (၁၄၇) နေရာအတွက် စိုးရိမ်ဖွယ်ဖြစ်နေကြောင်း၊ လေယာဉ်ဝန်ထမ်းများက လေကြောင်းလိုင်းနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သော်လည်း လေကြောင်းလိုင်းအနေဖြင့် ရုံးပိတ်သိမ်းရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်ဟု လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့ လေကြောင်းလိုင်းများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ Cathay Pacific တွင် လေယာဉ်ဝန်ထမ်း ၁၃,၀၀၀ ခန့်ရှိပြီး ဟောင်ကောင်ဒေသပြင်ပဖြစ်သော နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျယ်လိစ်၊ လန်ဒန်၊ ဘန်ကောက်နှင့် စင်ကာပူမြို့တို့တွင် ရုံးခွဲများရှိ ကြောင်း၊ Vancouver သည် တစ်ပတ်လျှင် ခရီးစဉ် (၁၇) ကြိမ် ပြေးဆွဲနိုင်သောကြောင့် Cathay Pacific အတွက် အရေးကြီးသည့်နေရာ ဖြစ်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လအထိ လေကြောင်းလိုင်း ၇၅ ရာခိုင်နှုန်း လျှော့ချသွားမည်ဖြစ်ပြီး လစာမဲ့ခွင့် (၃) လယူရန် အလုပ် သမား ၂၅,၀၀၀ ခန့်မှာလည်း သဘောတူညီမှုရှိကြောင်း ၅-၃-၂၀၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “Cathay Pacific Vancouver base in June as part of ‘ongoing business review’ putting 147 jobs at risk ”  ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)