China(Nanning)

ကပ်ရောဂါကာလအတွင်း တရုတ်ကုမ္ပဏီများ ကုန်သွယ်မှုပြုနိုင်ရေး e-Commerce ဖြင့် အထောက်အကူပြုပေးနေ

Last Updated:

Focus Technology မှ ဖွံ့ဖြိုးလည်ပတ်လျက်ရှိသည့် ပြည်တွင်းလုပ်ငန်းအချင်းချင်း e-Commerce ဝန်ဆောင်မှုပေးနေသည့် Made-in-China.comက ကိုရိုနာ ကပ်ရောဂါကာလအတွင်း တရုတ်ကုမ္ပဏီများ၏ နိုင်ငံခြားကုန်သွယ်မှုကို မြှင့်တင်နိုင်ရေး အထောက်အကူပြုရန် ဝန်ဆောင်မှုအချို့အား စတင်လိုက်ပါသည်။

ယေဘုယျအားဖြင့် ပြပွဲများကျင်းပလျက် ကမ္ဘာအဝှမ်းသို့ ကုန်ပစ္စည်းများကို ခင်းကျင်းပြသကြလေ့ရှိသော်လည်း ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ပြပွဲများ ကျင်းပရေးမှာ ကြီးမားသည့်စိန်ခေါ်မှုကြီးဖြစ်ပါသည်။

နိုင်ငံပေါင်း (၁၅) နိုင်ငံမှ ပါဝင်ပြသသူပေါင်း (၄၀) ကျော်တို့က Made-in-China.comမှ ပံ့ပိုးပေးသည့်ဝန်ဆောင်မှုနှင့် ပေါင်းစပ်လျက် ဤပြဿနာကို ဖြေရှင်းရန် ကုမ္ပဏီ များအတွက် အွန်လိုင်းနှင့် အွန်လိုင်းပြင်ပစီမံဆောင်ရွက်မှုများဖြင့် အပြည်ပြည် ဆိုင်ရာကုန်သွယ်မှုလမ်းကြောင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ဇွန်လကုန်တွင် အွန်လိုင်းပြပွဲပေါင်း (၁၅) ခုပြုလုပ်လျက် နိုင်ငံခြားမှ ဝယ်ယူသူများထံသို့ တရုတ်၏ ကုန်ပစ္စည်းများကို ပြသသွားမည်ဖြစ်ပါသည်။  ဤသို့ ဆောင်ရွက် ခြင်းဖြင့် တရုတ်ပြည်တွင်းမှ ထုတ်လုပ်သူများနှင့် နိုင်ငံခြားမှ ဝယ်ယူရန် အလားအလာ ရှိသူများအကြား နိုင်ငံရပ်ခြားသို့ သွားရောက်ရန်မလိုဘဲ စကားပြောဆိုကြည့် နိုင်မည်ဖြစ်ပါသည်။

အွန်လိုင်း Platformပေါ်တွွင် ဝယ်ယူသူမှ ပစ္စည်းအားရွေးချယ်လိုက်လျှင် ဓာတ်ပုံများ၊ အမျိုးအစားဖော်ပြချက်များ၊ ဗီဒီယိုများနှင့် ၃၆၀ ဒီဂရီစက်ရုံပုံများကို ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

Made-in-China.com ကို ၂၀၁၆ ခုနှစ်မှ စတင်ခဲ့ပြီး ယနေ့အချိန်အထိ အွန်လိုင်း ပြပွဲပေါင်း (၃၀၀) ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ၎င်းတို့အနက် ထင်ရှားခဲ့သောပြပွဲအချို့မှာ Internatinal Consumer Electronics Show နှင့် The BIG 5  တို့ဖြစ်ကြကာ အရှေ့အလယ်ပိုင်းနိုင်ငံများ ၊ အာဖရိကနှင့် အရှေ့တောင်အာရှနိုင်ငံများအတွက် ပြုလုပ် ခဲ့ခြင်းဖြစ်ပါသည်။ တရုတ်မှ ထုတ်လုပ်သူများက ၎င်းနိုင်ငံများမှ ပညာရပ်ကျွမ်းကျင်သည့်ဝယ်ယူသူပေါင်း (၁) သောင်းဝန်းကျင်ခန့်ရရှိခဲ့ကြပါသည်။

ယခုကပ်ရောဂါဖြစ်ပွားနေစဉ်၌လည်း နှစ်ဖက်ရောင်းသူနှင့်ဝယ်သူများအကြား အွန်လိုင်းပေါ်မှ တွေ့ဆုံပေးရန် စီစဉ်လာခြင်းဖြစ်ပါသည်။ မကြာသေးမီက ကင်ညာနိုင်ငံက လေထုအတွင်းမှ ရေမော်လီကျူးများကို ထုတ်ယူလျက် သောက်ရေပြုလုပ်ပေးသည့် စက် အများအပြားဝယ်ယူလိုသဖြင့် နှစ်ဘက်ချိတ်ဆက် ဆောင်ရွက်ပေးမှု ပြုလုပ်ပေးခဲ့ပါသည်။

Made-in-China.comက အရှေ့တောင်အာရှနိုင်ငံများ၊ ဉရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအဖွဲ့ဝင်နိုင်ငံများရှိ ထွန်းသစ်စပြုလာသော ဈေးကွက်များထိ ရောက်ရှိစေရန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

ကပ်ရောဂါဖြစ်ပွားစဉ်အတွင်း မေးမြန်းလာမှုများအား ပြန်လည်ဖြေကြားခြင်း အပါအဝင် အွန်လိုင်းဝန်ဆောင်မှုများကို (၂၄) နာရီပေးလျက်ရှိကာ တရုတ်ဘက်မှ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူများအတွက်  အစိုးရဝယ်ယူမှုသတင်းပေါင်း (၂) သိန်းနီးပါး ပေးခဲ့ပါသည်။ ထိုကဲ့သို့သောအားထုတ်မှုများကြောင့် ဝက်ဘ်ဆိုက်၏ နှစ်စဉ်တိုးတက်မှုနှုန်းမှာ (၃၉) ရာခိုင်နှုန်းရှိလာပြီး၊ စီးပွားရေးအခွင့်အလမ်းများမှာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက (၁၂.၉)ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ဟု သတင်းရရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ China Daily  (၁၁-၅-၂၀၂၀)

Category: China(Nanning)