China(Nanning)

ကပ်ရောဂါကာလအတွင်း အွန်လိုင်းပေါ်မှ ရောင်းချမှုများ ဖွံ့ဖြိုးလာသည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံသည် Covid-19ကပ်ရောဂါပျံ့နှံ့ဖြစ်ပွားနေစဉ် လုပ်ငန်းများပိတ်ထားခဲ့ရစဉ်အတွင်း လတ်ဆတ်သောကုန်ပစ္စည်းများအတွက် အွန်လိုင်းပေါ်မှရောင်းချမှုများကို လျင်မြန်စွာ ဆောင်ရွက်လာနိုင်ခဲ့ ပါသည်။

 ယခုအချိန်တွင် ပြင်ပစတိုးဆိုင်များ ပြန်လည်ဖွင့်လှစ်မှုနှုန်းမှာ (၅၀ မှ ၇၀) ရာခိုင်နှုန်းကြားရှိကာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာသော်လည်း၊ လက်ကိုင်ဖုန်းများမှ download ရယူနိုင်သော စားသောက်ကုန်စည်အရောင်းဆိုင်များမှာ (၁၀၀) ကျော်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ၏ နေ့စဉ်ဘဝတွင် m-commerce မှာ မရှိမဖြစ်ဖြစ်လာကြောင်း၊  မှာယူပြီးသည်နှင့်  နာရီဝက်အတွင်း လာရောက်ပို့ ဆောင်ပေးနိုင်သည့် အိမ်တိုင်ယာရောက် ဝန်ဆောင်မှုများရှိလာသဖြင့် လတ်ဆတ်သောကုန်ပစ္စည်းများကို နှစ်ခြိုက်သည့် တရုတ်လူမျိုးများနှင့် လွန်စွာအဆင်ပြေနေကြောင်း IGD ၏ အကြီးတန်းသုတေ သီ Jiong-Jiong Yu က ပြောကြားထားပါသည်။

တရုတ်နိုင်ငံတွင် မိုဘိုင်းလ်ဖုန်းများ၏ ထိုးဖောက်မှုမှာ မြင့်မားလာပြီး၊ ဈေးရောင်းသူများမှာလည်း လူမှုကွန်ယက်များနှင့် ထိတွေ့လာကြသဖြင့်  ဤအွန်လိုင်းပေါ်မှ ဈေးကွက်ဖွံ့ဖြိုးလာမှု၌ နေရာယူရန် အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုများကို လက်လီရောင်းချသူများက ဆောင်ရွက်နိုင်လာကြကြောင်း သိရပါသည်။

Covid-19 နောက်ပိုင်း ရေတိုကာလတွင် ရပ်ကွက်နှင့် အနီးဝန်းကျင် စတိုးဆိုင်များမှာ အရေးပါသော အခန်းကဏ္ဍမှပါဝင်နေကြောင်း၊ JD.com ၏ 7Fresh နှင့် ရပ်ကွက်စတိုးဆိုင်များမှာ မိမိတို့၏ ကုန်စည်ထောက်ပံ့မှုများကို ခိုင်မာလာစေကြောင်းနှင့်  ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းထားရန် လုပ်ငန်းဆောင်ရွက်မှုပုံစံအမျိုးမျိုးကို ဆောင်ရွက်ရန် အရေးကြီးသည်ဟု ယုံကြည်ကြောင်း  JD.com မှ Una Wang က ပြောကြား ခဲ့ပါသည်။

(၂၀၁၉) ခုနှစ်အတွင်း Pagoda လုပ်ငန်း၏ (၂၀) ရာခိုင်နှုန်းမှာ အွန်လိုင်းရောင်းချမှုမှဖြစ်ကြောင်း၊ အွန်လိုင်းနှင့် အွန်လိုင်းပြင်ပပေါင်းစည်းမှုက ယခုနှစ် အကျိုးအမြတ်များကို ပေးခဲ့ကြောင်း၊ ယခုနှစ်တွင် မေလ (၁) ရက်နေ့မှစ၍ အရောင်းများတက်လာသည်ကို စတင်မြင်တွေ့ရကြောင်း Pagoda ၏ ဒုတိယဉက္ကဌ Josh Jiaoက ပြောကြားခဲ့ပါသည်။

အလီဘာဘာမှ အချက်အလက်များအရ ကပ်ရောဂါကာလအတွင်း အွန်လိုင်းပေါ်မှ ဈေးဝယ်သူအသစ်များ တိုးပွားလာကာ၊ (၁၉၆၀) ပြည့်နှစ်နောက်ပိုင်းမွေးဖွားသူတို့၏ အွန်လိုင်းပေါ်မှ မှာယူမှုနှုန်းမှာ ပုံမှန်အချိန်များထက် (၄) ဆကျော်မြင့်မားလာကြောင်း၊ တစ်ကြိမ်မှာယူမှုအဆင်ပြေသွားပြီးနောက် ဆက်လက်ဝယ်ယူလိုလာကြကြောင်း၊ နောက်ပိုင်း၌ နွေရာသီကာလတွင် လူကြိုက်များသော အွန်လိုင်း ပြင်ပစတိုးဆိုင်များနှင့် ညဈေးများကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သော်လည်း e-commerce နည်းလမ်းဖြင့် ဈေးဝယ်ယူမှုများမှာ ပိုမိုလွယ်ကူမြန်ဆန်မှုရှိသဖြင့် စားသုံးသူများက ဆက်လက်ဝယ်ယူနေ လိမ့်ဉီးမည်ဟု ယုံကြည်ကြောင်း Yu က မှတ်ချက်ပြု ပြောကြားထားပါသည်။ 

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Fruitnet (၁၇-၇-၂၀၂၀)

Category: China(Nanning)