China (HongKong)

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာလကြာရှည်ဖြစ်ပွားနေမှုကြောင့် မူဝါဒများအရ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဗဟိုဘဏ်မှ ကတိပေးပြောကြားခြင်း

Last Updated:

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာလကြာရှည် ဖြစ်ပွားနေမှုကြောင့် စီးပွားရေး ထိခိုက်မှုများအား လျှော့ချနိုင်ရန် ပိုမိုကောင်းမွန်သည့် မူဝါဒများဖြင့် ပံ့ပိုးသွားမည်ဟု ကတိပေးခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်ကမ္ဘာ့ငွေကြေး အကျပ်အတည်းကာလက အသုံးပြုခဲ့သည့် မူဝါဒတစ်ခုကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘဏ် (People’s Bank of China-PBOC) မှ ဖော်ပြချက်ကို သင့်တော်သည့် စီးပွားရေး ကူညီပံ့ပိုးပေးမှုနှင့် ပံ့ပိုးပေးမည့်နည်းလမ်းတို့နှင့် ပတ်သက်၍ ပေကျင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ PBOC ၏ ပထမလေးလပတ် ငွေကြေးမူဝါဒအကောင်အထည်ဖော်မှု အစီရင်ခံစာတွင် များစွာသော ရည်မှန်းချက်များရှိရာ ညီမျှမှု ရှိစေရန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်ရရှိမှုအပေါ် ပိုမိုအလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်ရာ COVID-19 ကာလကြာရှည် ဖြစ်ပွားနေမှုကြောင့် စီးပွားရေးအပေါ် ထိခိုက်မှုများ ပြန်လည် ကောင်းမွန် လာစေရန် ပိုမိုသင့်တော်သည့် ငွေကြေးနှင့် အခွန်ဆိုင်ရာမူဝါဒများနှင့် ပတ်သက်သည့် ဝန်းကျင်ကောင်းများ ပံ့ပိုးပေးရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်သောကြောင့် COVID-19  ကူးစက်မှု စတင်ဖြစ်ပွားသည့် အချိန်မတိုင်ခင်ကကဲ့သို့ စီးပွား‌ရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာရန် စီးပွားရေးဆိုင်ရာ အကူအညီပေးမှုများ ပိုမိုလိုအပ် ကြောင်း၊ တရုတ်နိုင်ငံ၏ ပထမလေးလပတ်အတွင်း စီးပွားရေး (၆.၈) ရာခိုင်နှုန်းလျော့ကျခဲ့ပြီး၊  COVID-19  ကြောင့် ကမ္ဘာ့တစ်ဝန်းတွင် စီးပွားရေးလုပ်ငန်းများအား ထိခိုက်မှုရှိသောကြောင့် ဒုတိယလေးလပတ်တွင်လည်း  တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ဆက်လက်ကျဆင်းနေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ထုတ်လုပ်မှုကဏ္ဍများ ပြန်လည်စတင်လုပ်ကိုင်နေပြီ ဖြစ်သော်လည်း ယခုအချိန်ထိ အသွားအလာကန့်သတ်မှုများ ပြုလုပ်ထားဆဲဖြစ်သော အမေရိကန်နှင့် ဥရောပနိုင်ငံတို့မှ ဝယ်လိုအားများ လျော့ကျနေပြီး လာမည့်လများတွင်လည်း တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုများမှာ လျော့နည်းနေမည်ဖြစ်ကြောင်း၊  COVID-19  ပြန်လည် ကူးစက်မှုခံရမည်ကို ပြည်တွင်းစားသုံးသူများက စိုးရိမ်လျက်ရှိသောကြောင့် တရုတ်နိုင်ငံတစ်ဝန်းရှိ ဝန်ဆောင်မှု လုပ်ငန်း များဖြစ်သည့် စားသောက်ဆိုင်၊ ပျော်ပွဲရွှင်ပွဲပြုလုပ်သည့် အပန်းဖြေနေရာများနှင့် အရောင်းဆိုင်များ ပြန်လည်ဖွင့်ရန်မှာလည်း အားနည်းလျက်ရှိကြောင်း၊ COVID-19 ကူးစက်မှုကာလကြာရှည်ချိန်နှင့် ပြင်းထန်မှုမှာ ခန့်မှန်းထားသည်ထက် ပိုမို ဆိုးရွားနိုင် ကြောင်း၊  စီးပွား‌‌ရေးဖွံ့ဖြိုးတိုးတက်မှုကို ခန့်မှန်းရန် စိန်ခေါ်မှုများ ရှိနေသောကြောင့် အခက်အခဲများ၊ မသေချာမရေရာမှုများနှင့် အန္တရာယ်ရှိနိုင်သည့် အရာများကို တိကျပြည့်စုံစွာ ခန့်မှန်းရမည်ဖြစ်ကြောင်း၊ COVID-19 ၏ ရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ခံစား နေရသည့် အသေးစားစီးပွားရေးလုပ်ငန်းများကို ချေးငွေထုတ်ချေးမှုပမာဏ တိုးမြှင့်ပေးနိုင်ရန် စီးပွားရေးဘဏ်များသို့ တရုတ်နိုင်ငံဗဟိုဘဏ်မှ (၁.၈) ထရီလီယံယွမ် ထပ်မံပံ့ပိုးပေးခဲ့ကြောင်း၊ ဧပြီလတွင် ချေးငွေအသစ်ထုတ်ချေးမှုမှာ (၁.၇) ထရီလီယံသို့ မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ ဗဟိုဘဏ်ဝန်ထမ်းမှ ပြောကြားရာတွင် အစိုးရမှ စီးပွား‌ရေးဆိုင်ရာအကူညီများ အလွန်အကျွံပံ့ပိုးပေးလျှင် နိုင်ငံ၏ ကြွေးမြီများ လျင်မြန်စွာမြင့်တက်လာနိုင်ခြင်းနှင့် ငွေကြေးဖောင်းပွမှုများဖြစ်နိုင်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Frank Tang က“Central bank vows policy support as pandemic drags on” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)