China (HongKong)

ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် ဟောင်ကောင်ဒေသအား တရုတ်ပြည်မကြီး၏ အဓိက နေရာအဖြစ် ဆောင်ရွက်နိုင်ရန် အဆင့်မြှင့်တင်ရန်လိုအပ်ခြင်း

Last Updated:

ဟောင်ကောင်ဒေသသည် တရုတ်ယွမ်အရောင်းအဝယ်ပြုလုပ်သည့် တရုတ်ပြည်မကြီး ပြင်ပရှိ အကြီးဆုံးစင်တာတစ်ခုဖြစ်ရာ နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းများ တိုးချဲ့နိုင်ရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်နှင့် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် အဓိကနေရာအဖြစ် ဆောင်ရွက်နိုင်မှုအား ပိုမိုအားကောင်းစေရန် စီစဉ်လျှက်ရှိကြောင်း၊ ကမ္ဘာတစ်ဝှမ်းမှ ရင်းနှီးမြှုပ်နှံသူများသည် ဟောင်ကောင်ဈေးကွက်၌ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း ယွမ် (၁၉.၅) ဘီလီယံ (ဟောင်ကောင်‌ဒေါ်လာ ၂၂.၂ ဘီလီယံ) တန်ဖိုးရှိ စာချုပ်များအား အရောင်း အဝယ်ပြုလုပ်ခဲ့ရာ နောင်လာမည့်လများအတွင်း စာချူပ်များနှင့်‌ ငွေကြေးရောင်းဝယ်မှုများ ပိုမိုလုပ်ကိုင်လာကြမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအား အချက်အချာကျသည့် ငွေကြေး စင်တာအဖြစ် ပြန်လည်သတ်မှတ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ဟောင်ကောင် ဒေသအား ၁၉၉၇ ခုနှစ်တွင် တရုတ်ပြည်မကြီးသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဒေသအား တရုတ်ပြည်မကြီး၏ ငွေကြေးဈေးကွက်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် စတော့ရှယ်ယာ များဖြင့် ချိတ်ဆက်ရောင်းဝယ်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် စာချုပ်များရောင်းဝယ်ခြင်းများပြုလုပ်နိုင်ခဲ့ကြောင်း၊ (၂) နှစ်ကြာ ဖြစ်ပွားနေသော တရုတ်-အမေရိကန်  ကုန်သွယ်ရေး စစ်ပွဲကြောင့် ငွေကြေးကဏ္ဍမှ နည်းပညာ ကဏ္ဍအထိ ကွဲလွဲမှုများဖြစ်နေကြောင်း၊ ၂၀၀၉ ခုနှစ်မှ စတင်၍ တရုတ်ယွမ်ငွေကြေးအား ကမ္ဘာ့ဒေသအနှံ့တွင် အသုံးပြုနိုင်ရန် စတင်ဆောင်ရွက်ခဲ့သည့် အချိန်မှစတင်၍ ဟောင်ကောင် ဒေသသည် တရုတ်ပြည်မကြီးပြင်ပရှိ တရုတ်ယွမ်ငွေကြေး အများဆုံး ကုန်သွယ်မှု ပြုလုပ်သည့် အကြီးမားဆုံးစင်တာ ဖြစ်လာကြောင်း၊ ဟောင်ကောင်ဒေသ၌ တရုတ်ယွမ်‌ငွေ အပ်နှံမှုမှာ ဩဂုတ်လ၌ (၄.၆) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် (၆၄၄.၁) ဘီလီယံယွမ် မြင့်တက်ခဲ့ကြောင်း၊ နယ်စပ်ဖြတ်ကျော် ငွေလွှဲပြောင်းမှုမှာ (၉) ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် (၄၉၇.၃) ဘီလီယံယွမ် မြင့်တက်ခဲ့ကြောင်း ဟောင်ကောင်ငွေကြေးအာဏာပိုင် အဖွဲ့စာရင်းများအရ သိရှိရကြောင်း၊ ဟောင်ကောင်ဒေသ အနေဖြင့် ငွေလုံးငွေရင်းများ မြင့်တက်လာ‌အောင် အစိုးရနှင့် တရုတ်ပြည်မကြီးမှ လုပ်ငန်းများကို ကူညီပံ့ပိုးနိုင်ရန် အဆင့်မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အမေရိကန်သမ္မတထရန့်မှ တရုတ်နိုင်ငံနှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ ပူးတွဲဆောင်ရွက်မှုများကို ခွဲထွက်မည်ဟု ခြောက်လှန့်လျှက်ရှိကြောင်း၊ အခြေအနေအရ တရုတ်အနေဖြင့် ရွေးချယ်ရန် မရှိသော်လည်း ၎င်း၏ယွမ်ငွေကြေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံ တကာ သုံးစွဲနိုင်ရေးတို့အား အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ၂၃ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Enoch Yiu က “City to boost role as mainland’s gateway to Global markets” ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)