Japan

ကမ္ဘာ့ရေနံစျေး ကသောင်းကနင်း ဖြစ်ခြင်းကြောင့် ရေနံစိမ်းအစုရှယ်ရာစျေးများ အကြီးအကျယ် ကျဆင်းလာခဲ့

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရေနံဈေးနှုန်းများ ကျဆင်းနေခြင်းပြီး ဧပြီလ ၂၁ ရက်နေ့တွင် ရေနံစိမ်းအစုရှယ်ယာစျေးများ ထိုးကျခဲ့ပါသည်။ ဧပြီလ ၂၀ ရက်နေ့တွင် သမိုင်းဝင် အနှုတ်လက္ခဏာပြသည့် ရေနံစျေးများ ကျဆင်းခဲ့ပြီးနောက် နယူးယောက်စတော့ရှယ်ယာများ အနိမ့်ဆုံးစျေးဖြင့် စျေးပိတ်ခဲ့ရပါကြောင်း၊ (Dow Jones Industrial Average - DJIA) အညွှန်းကိန်းသည်  ၂၃၀၁၈ မှတ်ဖြင့် ဈေးပိတ်ခဲ့ပြီး  ၂.၇ % ထိ ကျဆင်းခဲ့ကြောင်း သိရပါသည်။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရေနံဝယ်လိုအား သိသိသာသာလျော့ကျလာခြင်းကြောင့် စီးပွားရေးအကျဘက်သို့ ဦးတည်လာနိုင်မှုကို  စိုးရိမ်လာကြကာ စတော့ရှယ်ယာများကို နှစ်ရက် ဆက်တိုက် အပြင်းအထန် ရောင်းချခဲ့ကြကြောင်း သိရပါသည်။ ရေနံရောင်းဝယ်သူများက မေလ တွင် တင်ပို့ရန်အတွက် ရေနံများသိုလှောင်ရန် နေရာမရှိခြင်းကြောင့်  WTI contract ပေါက်စျေးသည် သုညအောက်ထိ ထိုးကျသွားခဲ့ပါကြောင်း၊ ဧပြီလ ၂၀ ရက်နေ့က အမေရိကန်ဒေါ်လာ အနုတ် ၃၇ အထိ တစ်ကြိမ် ဈေးကျသွားခဲ့မှုသည်လည်း ထိုသို့ကျဆင်းစေသည့် အချက်တစ်ချက်ဖြစ်ကြောင်း သုံးသပ်ကြပါသည်။

ဂျပန်နိုင်ငံတွင်လည်း  ဧပြီလ ၂၂ ရက်နေ့ Tokyo Commodity Exchange က ကြိုတင်ဝယ်ယူထားသည့်  ရေနံစိမ်းအစုရှယ်ယာများသည် ဧပြီ ၂၁ ရက်နေ့၊ ဈေးပိတ်ချိန် ကထက် ၁၅ % အောက်သို့ ကျဆင်းသည့်နှုန်းဖြင့် စျေးဖွင့်ခဲ့ပါကြောင်း၊ ထိုသို့ ရေနံစျေးကွက် ပြိုလဲလာခြင်းသည် WTI က ဇွန်လအတွက် ကြိုတင်ဝယ်ယူထားသည့် contract များမှ ရေနံတစ်စည်ကို အမေရိကန် ၆ ဒေါ်လာခန့်အထိပင် ကျဆင်းသွားခဲ့သည့် အခြေအနေကို ရောက်ရှိသွားစေပါကြောင်း၊ ထုတ်လုပ်အား များပြားနေပြီး သိုလှောင်ရန် နေရာမလုံလောက်မှုများကြောင့် လာမည့် ဇွန်လအတွက် ကြိုတင်ခန့်မှန်းနေသည့် စျေးနှုန်းများသည်လည်း အနှုတ်လက္ခဏာဖက်သို့ပင် ဦးတည်နေပါကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan