China(Nanning)

ကာဇက်စတန်နမိုးနီးယားရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံသားများအား တရုတ်သံရုံးက သတိပေးချက်များထုတ်ပြန်ထား

Last Updated:

ကာဇက်စတန်နိုင်ငံအတွင်း အဆုတ်ယောင်အအေးမိဖျားနာ (နမိုးနီးယား) ရောဂါဖြစ်ပွားမှုကြောင့် သတိထားကြရန် ၎င်းနိုင်ငံရှိ တရုတ်နိုင်ငံသားများအား သတိရှိကြရန် တရုတ်သံရုံးက ကြေငြာထား ပါသည်။

ယခုနှစ် ဇွန်လအထိကာလအတွင်း ကာဇက်စတန်နိုင်ငံတွင် နမိုးနီးယားရောဂါဖြစ်ပွားမှုကြောင့် လူပေါင်း (၁,၇၇၂) သေဆုံးခဲ့ရပြီး ဇွန်တစ်လတည်းမှာပင် လူပေါင်း (၆၂၈) ဉီး သေဆုံးခဲ့ရကာ တရုတ်နိုင်ငံ သားများလည်း ပါဝင်ခဲ့သည်ဟု သိရပါသည်။

၎င်းရောဂါကြောင့် သေဆုံးမှုနှုန်းမှာ COVID-19 ကြောင့်သေဆုံးသူနှုန်းထက် ပိုမိုမြင့်မားကြောင်း၊ ကာဇက်စတန် ကျန်းမာရေးဝန်ကြီးဌာနက ဤနမိုးနီးယားရောဂါအပေါ် သုတေသနပြုမှုများဆောင်ရွက် နေပြီး၊ ၎င်းရောဂါပိုး၏ သဘောသဘာဝကို သိရှိခြင်း မရှိ သေးကြောင်း သိရပါသည်။

လွန်ခဲ့သော ဇူလိုင်လ (၉) ရက်နေ့က ကာဇက်စတန်တွင် COVID-19 ဖြစ်ပွားသူ လူနာအသစ်ဉီးရေ (၁,၉၆၂) ဉီးတွေ့ရှိခဲ့ကာ တစ်ရက်တည်းမှာပင် ရောဂါအသစ်ဖြစ်ပွားသူဉီးရေ အများအပြားတိုးပွားလာ သည့် စံချိန်သစ်ဖြစ်ခဲ့ပါသည်။ ၎င်းနေ့အထိ စုစုပေါင်း  COVID-19 ဖြစ်ပွားသူဉီးရေ (၅၃,၀၂၁) ဉီးရှိကာ၊ (၂၆၄) ဉီးသေဆုံးခဲ့ပြီး၊ (၃၄,၉၃၁) ဉီးမှာ အခြေအနေပြန်လည်ကောင်းမွန်လာပြီးဖြစ်ကြောင်း သိရပါသည်။

ကာဇက်စတန်သမ္မတာ Kassym-Jomart Tokayevက နိုင်ငံအတွင်း ကိုရိုနာကပ်ရောဂါ ပျံ့နှံ့ဖြစ်ပွားနေဆဲဖြစ်သောကြောင့် ကန့်သတ်ထားမှုများကို ဖြေလျှော့မှုပြုရန် စောနေသေးကြောင်း ပြောကြား ထားပါသည်။   

ကာဇက်စတန်ရှိ တရုတ်သံရုံးက ၎င်း၏နိုင်ငံသားများအား သတိပိုမိုရှိကြရန်နှင့် ပြင်ပသွားလာလှုပ်ရှားမှုများကို လျှော့ချရန် တိုက်တွန်းထားကြောင်း သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ CCTV (၁၀-၇-၂၀၂၀)

Category: China(Nanning)