China (HongKong)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအားများအပေါ် သက်ရောက်မှု များရှိခြင်းသည် ကမ္ဘာ့စီးပွားရေးကို ဆိုးရွားစွာထိခိုက်နေခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အလုပ်သမားများမှာ အိမ်ထဲတွင် နေထိုင်နေရပြီး တရုတ်နိုင်ငံရှိစက်ရုံများပိတ်ထားဆဲဖြစ်သဖြင့် ကုန်ပစ္စည်းများထုတ်လုပ်မှု အပေါ်သက်ရောက်လျှက်ရှိသောကြောင့် ရောင်းလိုအားများ ကျဆင်းနေကြောင်း၊ ကမ္ဘာ့အနှံ့တွင် ကူးစက်ပျံ့နှံ့လျှက် ရှိသောကြောင့် စားသုံးသူများမှာလည်း အပြင်သို့ ထွက်၍ ဈေးဝယ်ခြင်းများ၊ ခရီးသွားခြင်းများ နှင့် စားသောက်ဆိုင်များ၌ စားသုံးရန် စိတ်မပါကြသောကြောင့် ဝယ်လိုအားမှာလည်း ကျဆင်း နေကြောင်း၊ ထုတ်လုပ်မှုများ ရပ်ဆိုင်းထားသောကြောင့် ရောင်းလိုအားကျဆင်းခြင်းမှာ ယာယီသာဖြစ်နိုင်ပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ရပ်တန့်သွားလျှင် ပြန်လည်ထုတ်လုပ်နိုင်ပြီးရောင်းလို အားမြင့်တက်လာမည်ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းမှာ V-Shaped trajectory ပုံစံ ဖြစ်ပြီး ပထမလေးလပတ်တွင် ထုတ်လုပ်မှု အနည်းငယ်ကျ ဆင်းပြီး ကျန်သည့်လများတွင် ပြန်လည်တိုးတက်လာမည်ဖြစ်ကြောင်း၊ အလုပ်သမားများ နေအိမ်မှ အလုပ်လုပ်ခြင်းနှင့် ကျောင်းများလည်း ပိတ်ထားသောကြောင့် အပြင်ထွက်သူနည်းပါးပြီး ဝယ်လိုအားများကျဆင်း နေကြောင်း၊ အဆိုပါ ဝယ်လိုအားနှင့် ရောင်းလိုအား ကျဆင်းမှုအား ပြန်လည်ကောင်းမွန်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အချို့သော ပညာရှင်များက ပြောကြားရာတွင် ဝယ်လိုအားမှာ ထုတ်လုပ်မှုနှင့် ရောင်းလိုအားအပေါ်တွင် မှီခိုလျှက်ရှိကြောင်း၊ ကိုရိနာဗိုင်းရပ်စ် COVID-19 ကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား နှစ်မျိုးစလုံးအပေါ် သက်ရောက်မှုရှိပြီး စီးပွားရေးထိခိုက် မှု များဖြစ်နိုင်ကြောင်း ၅-၃-၂၀၂၀ ရက်နေ့တွင် ထုတ်ဝေသော South China Morning Post သတင်းစာ၌ “ Coronavirus outbreak delivers a one-two punch to the world’s economy, handing out supply and demand shocks after another”ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)