China(Nanning)

ကိုရိုနာဗိုင်းရပ်စ် ရောဂါပျံ့နှံ့ဖြစ်ပွားမှုကို တိုက်ဖျက်ရာတွင် အားထုတ်ကြိုးပမ်းမှုများအတွက် တရုတ်နိုင်ငံကို ချီးကျူးလေးစားသင့်ကြောင်း WHO အကြီးအကဲပြောကြား

Last Updated:

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပျံ့နှံမှုအား ကိုင်တွယ်ဖြေရှင်းရန် အလွန်အရေးကြီးသော စီမံ ဆောင်ရွက်မှုများကို ဆောင်ရွက်ရေးနှင့် ရောဂါဖြစ်ပွားမှုအား နိုင်ငံခြားတိုင်းပြည်များသို့ ပျံ့နှံမှုမှ ကာကွယ်ရေးတို့အတွက် တရုတ်နိုင်ငံ၏ ဆောင်ရွက်နေမှုများအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြုမှုနှင့် လေးစားမှုတို့ပေးရန် ထိုက်တန်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများ၏ (၉၉ ) ရာခိုင်းနှုန်းမှာ တရုတ်နိုင်ငံအတွင်း၌သာဖြစ်ပြီး၊ အချို့နိုင်ငံများ၌ ဖြစ်ပွား သည်ဟု အတည်ပြုသော လူနာပေါင်း (၁၀၀) ကျော်မှာ သေဆုံးမှု မရှိသည်ကို တွေ့ရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အလွန်အရေးကြီးသော စီမံဆောင်ရွက်မှု များကို အကောင်အထည်ဖော်နေသည်ကို တွေ့ရသည့်အတွက် ကျွန်ုပ်တို့၏ ကျေးဇူးတင်ရှိမှု နှင့် လေးစားမှုကို ခံယူထိုက်ကြောင်း  Tedros ကပြောကြားခဲ့ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြီးအကဲသည် တရုတ်နိုင်ငံ၏ အကြီးအကဲများနှင့် တွေ့ဆုံလျက် ဝူဟန်မြို့တွင် ပျံ့နှံဖြစ် ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ရောဂါအပေါ် ကာကွယ်ဆောင်ရွက်မှုများ၊ အခြားမြို့တော်များနှင့် ပြည်နယ်များတွင် စီမံဆောင် ရွက်မှုများ၊ ဗိုင်းရပ်စ်၏ ပြင်းထန်မှုနှင့် ကူးစက်နိုင်မှုအပေါ် လေ့လာသုတေသနပြုနေမှု များ၊ အချက်အလက်နှင့် ဇီဝဗေဒဆိုင်ရာအရာဝတ္ထုများ မျှဝေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံမှ ဂျီနီဗာ သို့ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။

တရုတ်သည် အချိန်တိုအတွင်း ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ကို ဖော်ထုတ်ပေးနိုင်ပြီး ချက်ချင်း အချက်အလက် မျှဝေပေးနိုင်ခဲ့သဖြင့် ကုသရေးကိရိယာများ ဖွံ့ဖြိုးမှုကို ဆောင်ရွက် သွားနိုင်မည်ဖြစ်သဖြင့် ကျေးဇူးတင်ရှိကြောင်း WTO အကြီးအကဲက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

မကြာသေးမီက ဂျာမနီတွင် တွေ့ရှိခဲ့သည့် ရောဂါဖြစ်ပွားမှုမှာလည်း တရုတ်အစိုးရ၏ ချက်ချင်းအကြောင်းကြားခြင်းနှင့် သတင်းအချက်အလက်မှုဝေခြင်းကြောင့် အလွန်မြန်ဆန်စွာ ရောဂါဖော်ထုတ်နိုင်ပြီး ဆေးဝါးစောင့်ရှောက်မှု ပေးနိုင်ခဲ့ ကြောင်း၊ တရုတ်အစိုးရသည် ပြည်တွင်း ပြည်ပနှစ်ရပ်လုံးတွင် ပွင့်လင်းမြင်သာမှုကို လုံးလုံးလျားလျားပေးရန် ကတိ ကဝတ်ပြုထားပြီး၊ ၎င်းလိုအပ်နေသော အကူအညီများအတွက် အခြားနိုင်ငံများနှင့် အတူတကွ ဆောင်ရွက်သွားရန် သဘောတူခဲ့ကြောင်း၊ တရုတ်နှင့် ဂျာမနီတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်က WTO နှင့် မည်ကဲ့သို့ ထိတွေ့ဆောင် ရွက်နေကြောင်းကို ပြသနေကြောင်း Tedros က ထည့်သွင်းပြောကြားခဲ့ပါသည်။

ရောဂါဖြစ်ပွားပျံနှံ့နေမှုများကို နားလည်မှု တိုးမြှင့်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာတုန့်ပြန်ရေး    အားထုတ်ကြိုးပမ်းမှုများကို လမ်းညွှန်ပြသရန် WTO မှ နိုင်ငံတကာကျွမ်းကျင်သူများအဖွဲ့က တရုတ်နိုင်ငံသို့ အမြန်ဆုံးလာရောက်မည်ဖြစ်ကြောင်း ၊ WTO အရေးပေါ် ကော်မတီက ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ထပ်မံတွေ့ဆုံပြီး ရောဂါဖြစ်ပွားပျံနှံ့မှုအပေါ် ဆွေးနွေး မည်ဟု Tedros က ကြေငြာခဲ့ပါသည်။ ၎င်း ကော်မတီသည် ဇန်နဝါရီလ (၂၂) နှင့် (၂၃) ရက်နေ့များတွင်လည်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

ဇန်နဝါရီလ (၃၀) ရက်နေ့က အရေးပေါ်ကော်မတီအစည်းအဝေး ပြုလုပ်ရာ၌ ယခုအခါ ကိုရိုနာရောဂါပိုးကူးစက်မှုမှာ ပြည်ပနိုင်ငံအချို့တွင်ပါ ဆက်လက်ဖြစ်ပေါ်လာသည့်အတွက် ပြည်သူ့ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုစနစ်အား နည်းသောနိုင်ငံများတွင် ကူးစက်နိုင်သောကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်လာသည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အစည်းက ကြေငြာထားပါသည်။

 

ရင်းမြစ်၊ Xinhua (၃၀.၁.၂၀၂၀) နှင့် The Guardian (၃၀.၁.၂၀၂၀)

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: China(Nanning)